(ပြည်တွင်း)ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊တောပြားကျေးရွာ၊မူလွန်ကျောင်း၌ စာသင်ကြားနေသည့် ဆရာ /ဆရာမ ၇ဦးနှင့်ကျောင်းလုပ်သား ၁ဦးတို့အားအကြမ်းဖက်PDFအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဇွန်လ၁၅ရက်နေ့ ည၉နာရီအချိန်ခန့်တွင် အကြမ်းဖက် PDF ၁၀ဦးခန့်မှ သေနတ်များကိုင်ဆောင်လျက် ဆိုင်ကယ် ၅စီး၊မော်တော်ယာဉ် ၁စီးဖြင့် သနပ္ပင်ကျေးရွာဘက်မှ ရောက်ရှိလာပြီး ဆရာ ၂ဦး၊ ဆရာမ၅ဦး၊ ကျောင်းအထွေထွေလုပ်သား ၁ဦး ပေါင်း ၈ ဦးတို့အား ဖမ်းဆီးခေါ် ဆောင်၍ လာရာလမ်းအတိုင်းထွက်ခွာသွားကြောင်း သိရသည်။အဆိုပါကျောင်း၌ KG တန်းမှ Grade-7 ထိ ကျောင်းသား/သူ (၁၈၅)ဦး ပညာသင်ကြားလျက်ရှိပြီးအကြမ်းဖက် PDF များမှ ဆရာ/ဆရာမ ၈ဦးအား သနပ္ပင်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရှိရကြောင်း၊ဆရာ/ဆရာမများအား ဖမ်းဆီးခေါ်ဆောင်သွားသည့် အကြမ်းဖက်အင်အား ၁၀ဦးခန့်အား အမြန်ဖမ်းဆီးရမိရေးအတွက် တပ်မတော်စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းနေ့ နံနက် ၈နာရီအချိန်ခန့်တွင်လည်း ညောင်ဦးမြို့နယ်၊ ညောင်ပင်ကန်ရွာ အခြေခံပညာ အထက်တန်း ကျောင်း (ခွဲ)မှ ကျောင်းအုပ်ဆရာမ ဒေါ်နီလာဝင်း (၄၂)နှစ် နှင့် ယောကျ်ားဖြစ်သူဦးဇော်လတ်(၄၅)နှစ်တို့အား ဝန်ထမ်းအိမ်ရာထဲမှ ဆွဲခေါ်ပြီး တခြားဝန်ထမ်းများရှေ့တွင် အကြမ်းဖက်လက်နက်ကိုင် PDFဖွဲ့မှ သေနတ်နှင့်ပစ်သတ်သွားကြောင်း သိရသည်။