လက်ဘနွန်ရောက်နိုင်ငံ သားများကို ခေါ်ထုတ်နိုင်မည့်နည်းလမ်းများကို အနောက်နိုင်ငံများ စဉ်းစား

(နိုင်ငံတကာ)စက်တင်ဘာ ၂၈

    အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအကြား စစ်ပွဲဖြစ်ပွားလာခဲ့ပါက လက်ဘနွန်ရောက်နိုင်ငံသားများကို ဘေးကင်း လုံခြုံစွာ ခေါ်ထုတ်နိုင်မည့်နည်းလမ်း များကို အနောက် နိုင်ငံများက စဉ်းစားနေကြောင်း စက်တင်ဘာလ ၂၆ ရက် သတင်းများတွင် ရေး သားဖော်ပြထားကြောင်း သိရသည်။

       အစ္စရေးနှင့် ဟစ်ဇ်ဘိုလာကြား စစ်ပွဲဖြစ်ပွားခဲ့ပါက ဆိုက်ပရပ်စ်နှင့် တူကီယဲတို့ကို အနောက် အုပ်စု နိုင်ငံသား ထောင်ပေါင်းများစွာ ခိုလှုံနိုင်သည့် နေရာများအဖြစ်လည်း အနောက်နိုင်ငံများက ရှုမြင်ထားကြောင်း သိရသည်။ ဆိုက်ပရပ်စ်နိုင်ငံသည် လက်ဘနွန်နိုင်ငံနှင့် အနီးဆုံး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး လက်ဘနွန်နိုင်ငံနှင့်  ၁၆၄ မိုင်သာ ကွာဝေးသည်။ ထို့ ပြင် ရှေးယခင်က လက်ဘနွန်ရောက်နိုင်ငံသားများကို ခေါ်ထုတ်ရာတွင် ဆိုက်ပရပ်စ်နိုင်ငံကို အနောက်နိုင်ငံများက အသုံးပြုခဲ့ဖူးသည်။

       လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ၊ ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီ အပါအဝင် အနောက်နိုင်ငံများမှာ နိုင်ငံ သား ထောင်ပေါင်းများစွာတို့မှာ လက်ဘနွန်နိုင်ငံ ပြည် တွင်း၌ ရှိနေကြဆဲဖြစ် သည်။

       လက်ရှိတွင် အစ္စရေးတပ်မတော်သည် လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်ဇ်ဘိုလာပစ်မှတ်များကို လေ ကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး ဟစ်ဇ်ဘိုလာအုပ်စုကလည်း ဒုံးကျည်များဖြင့် ပစ်ခတ်တုံ့ပြန်နေကြဆဲ ဖြစ်ကြောင်း သိရသည်။

#PAN