ပွဲစဉ်ရေးဆွဲမှု မမျှတကြောင်း ပြောကြားလိုက်တဲ့ ဆွန်ဟောင်မင်


(အားကစား) စက်တင်ဘာ ၂၈

ပိုမိုများပြားတဲ့ ပွဲစဉ်တွေကို ရေးဆွဲနေခြင်းဟာ ကစားသမားတွေအတွက် မမျှတဘူးလို စပါးအသင်း ခေါင်းဆောင် ဆွန်ဟောင်မင် က ပြောကြားလိုက်ပါတယ်။

ဆွန်ဟောင်မင် က မန်စီးတီးအသင်းကို ဥပမာပေး ပြောသွားခဲ့ပြီး မန်စီးတီးဟာ အာဆင်နယ်အသင်းနဲ့ ကစားပြီး ၄၈ နာရီအကြာမှာပဲ ဝက်ဖိုဒ်အသင်းနဲ့ လိဂ်ဖလားပွဲကစားဖို ရေးဆွဲထားမှုက ဘယ်လိုမှ မဖြစ်သင့်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

ပွဲစဉ်ဇယားတွေက ပြောင်းလွယ်ပြင်လွယ်လုပ်ဖို့ မလွယ်ကူသလို ကစားသမားတွေအတွက် အခုလိုမျိုး ပွဲတွေဆက်တိုက် ကစားရတာက ဒဏ်ရာရနိုင်ချေကို ပိုမိုမြင့်မားစေနိုင်တဲ့အတွက် အနာဂတ်မှာ သေချာဆွေးနွေးရမယ့် ကိစ္စဖြစ်လာလိမ့်မယ်လို ဆွန်ဟောင်မင် က ပြောကြားသွားခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN