ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသားများကို နေရပ်သို့ ပြန်လည်ပို့ဆောင်


(ပြည်တွင်း) စက်တင်ဘာ ၂၇

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ပြီးတဲ့ မြန်မာနိုင်ငံသား ၁၂၇ ဦးကို စက်တင်ဘာလ ၂၆ ရက် မွန်းလွဲပိုင်းမှာ ထိုင်းနိုင်ငံ ရနောင်းမြို့ကနေ မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ပြန်လည် ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ နေရပ်ပြန် မြန်မာနိုင်ငံသားများကို ကော့သောင်းမြို့ သက်ဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်း၊ ကိုယ်ရေးအချက်အလက် စစ်ဆေးခြင်းနှင့် အသိပညာ ပေးမှုများလုပ်ဆောင်ခဲ့ကြပြီး၊ ကိုဗစ်ရောဂါ သံသယရှိသူများကို စောင့်ကြည့်ရေးစင်တာမှာ ယာယီထားရှိကာ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

ကိုဗစ်သံသယ မရှိသူများကို ၎င်းတိုနေရပ်သို့ ပြန်လည်ရောက်ရှိရေး ကော့သောင်းမြို့တာဝန်ရှိသူများက ဆက်လက်စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN