လားရှိုးတွင် ဘုရားမီးပူ‌ဇော်ရာမှ မီးလောင်မှုဖြစ်ပွား

(မှုခင်း)အောက်တိုဘာ ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှ နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၂ ရက်၊ နံနက် ၆ နာရီခန့်က လားရှိုးမြို့၊ ရပ်ကွက် (၇)၊ သံလွင်ရပ်ကွက်၊ နယ်မြေ (၁) သီတာလမ်းရှိ နေအိမ်တစ်အိမ်တွင် ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ရာမှ ဖယောင်းတိုင် ကုန်၍ ဘုရားစင်မီးစွဲကာ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ လားရှိုးခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ သန္ဓေနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၂၀ ခန့်တွင် မီးငြှိမ်း သွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် နေအိမ် မျက်နှာကျက်၊ အတွင်းပရိဘောဂများနှင့် ဘုရားစင် မီးလောင်ကျွမ်းခဲ့ပြီး မီးပေါ့ဆစွာ သုံးစွဲသူ နေအိမ်ပိုင်ရှင်အား လားရှိုးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN