၃ နှစ်အရွယ်ကလေးငယ်နှင့် ဖိခင်ဖြစ်သူတို့ ၂ ဦးအား အကြမ်းဖက် PDF အဖွဲ့များကသတ်ဖြတ်


(ပြည်တွင်း) စက်တင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာအုပ်စုတွင် ယနေ့နံနက် ၇ နာရီအချိန်ခန့်က ဆွမ်းလောင်းရန် သွားသော ၃ နှစ်အရွယ်ကလေးငယ်နှင့် ဖိခင်ဖြစ်သူတို့ ၂ ဦးအား အကြမ်းဖက် PDF အဖွဲ့များက သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဉ်တွင် ဦးဖိုးကျော်(ပြည်သူ့စစ်ခေါင်းဆောင်)နှင့် ၄င်း၏ကလေး ၃ နှစ်အရွယ်တို့ သားအဖ ၂ ဦးသည် ဂုတ်ကြီး တောရဆရာတော်အား ဆွမ်းလောင်းရန် သွားရောက်စဥ် ဂုတ်ကြီးအကျော် ပဒါန်း – အမ်းလမ်းပိုင်း တောရကျောင်းအနီးတွင် အကြမ်းဖက် PDF အဖွဲ့များက သားအဖ ၂ ဦးစလုံးအား သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းအရင်းမြစ်များမှ သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း CDM မပြုလုပ်ခြင်းနှင့် ဒလန်စွပ်စွဲချက်များဖြင့် ဆရာ/ဆရာမ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ သံဃာတော်များ၊ သီလရှင်ဆရာကြီးအချို့၊ ကျန်းမာရေးဝန်ထမ်းများအပါအဝင် ၈၁ဝဝ ဦး လုပ်ကြံသတ်ဖြတ်ခံထားရကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN