မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေပိုလွှဲမှ ရေကျော်နေတဲ့ တမံများကို ၂၄ နာရီ စောင့်ကြည့်နေ


(ပြည်တွင်း) စက်တင်ဘာ ၂၅

မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေပိုလွှဲမှ ရေကျော်နေတဲ့ တမံများကို ရေကင်းတာဝန်များချကာ ၂၄ နာရီ မပြတ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆည်၊ ကန်နှင့်တမံ ၅၇ ခုရှိပြီး ယင်းအနက် ၁၅ ခုမှာ ရေပိုလွှဲမှ ရေများကျော်နေတဲ့အတွက် ၂၄ နာရီ စောင့်ကြည့်ပေးနေခြင်း ဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် တမံနှင့် ဆက်စပ်အဆောက်အအုံများက ကြံ့ခိုင်ကောင်းမွန်နေတာကြောင့် တမံအောက်မှာရှိတဲ့ ဒေသခံများအတွက် စိုးရိမ်စရာအခြေအနေ မရှိ ကြောင်းလည်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN