အအေးမိခြင်းမှ အမြန်သက်သာစေမယ့် နည်းလမ်းတွေ


(ကျန်းမာ‌ရး) စက်တင်ဘာ ၂၅

ပျားရည်မှာ Bacteria နဲ့ Microscopic animals တွေကို သေစေနိုင်တဲ့ အစွမ်းရှိတာကြောင့် အအေးမိခြင်းကို သက်သာစေပါတယ်၊ ပျားရည်နဲ့သံပုရာသီးကိုရောပြီး ရေနွေးလေးနဲ့ ဖျော်သောက်ရင် လည်ချောင်းနာ တာကို သက်သာစေပါတယ်၊ ပျားရည်ဟာ ချောင်းဆိုးခြင်းကိုလည်း သက်သာစေပါတယ်၊ သတိထားရမှာကတော့ တစ်နှစ်အောက် ကလေးတွေမှာတော့ ပျားရည်ကို မသုံးသင့်ပါဘူး၊ အန္တရာယ်ဖြစ်စေ တတ်ပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ ဟင်းသီးဟင်းရွက်တွေ ပါဝင်တဲ့ ကြက်စွပ်ပြုတ်တစ်ခွက်ဟာ Neutrophil လို့ခေါ်တဲ့ သွေးဖြူဥတွေ လှုပ်ရှားမှုကို နှေးကွေးစေပါတယ်။ Neutrophil ဟာ ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ ခုခံရေး တပ်သားတစ်ဦး ဖြစ်တာကြောင့် သူဖြေးဖြေးချင်းသွားတဲ့အခါ လိုအပ်တဲ့နေရာတွေမှာ စစ်ကူတွေထုတ်နိုင်ပြီး ရောဂါကို လျင်လျင်မြန်မြန် တိုက်ထုတ်နိုင်တဲ့အတွက် အအေးမိခြင်းကို အမြန်ပြန်သက်သာစေတာပဲဖြစ်ပါတယ်။

အများသိတဲ့ ကြက်သွန်ဖြူမှာလည်း Microbacteria တွေကို သတ်နိုင်တဲ့အစွမ်းရှိပါတယ်၊ ကြက်သွန်ဖြူ စားလိုက်တာနဲ့ အအေးမိတဲ့လက္ခဏာတွေ အမြန်သက်သာသွားစေပါတယ်။

Vitamin C ကတော့ အဓိက ဇာတ်ကောင်ပဲဖြစ်ပါတယ်၊ ခန္ဓာကိုယ်အတွက် အလွန်အရေးပါပါတယ်၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး အအေးမိခြင်းကို အမြန်ပျောက်ကင်းသက်သာစေပါတယ်၊ Vitamin C 500 mg ကို နေ့စဉ် တစ်ရက်တစ်လုံး သောက်ပေးခြင်းအားဖြင့် Scurvy ရောဂါကို သက်သာစေခြင်း၊ အအေးမိခြင်းကို အမြန်သက်သာစေခြင်း၊ သတ္တုဆိပ်သင့်ခြင်းကို သက်သာစေခြင်း၊ ကင်ဆာရောဂါများ ဖြစ်ပွားမှုနှုန်း လျော့နည်းစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

ဂျင်းတက်ဟာ ဆိုရင် ရှေးခေတ် တိုင်းရင်းဆေးဝါးတွေမှာ မပါမဖြစ် အဓိက ကျပါတယ်၊ ရေနွေးနွေးထဲ ဂျင်းတက်လေး ပါးပါးလှီးထည့်ပြီး သောက်မယ်ဆိုရင် ချောင်းဆိုး၊ လည်ချောင်းနာကို အမြန်ပြန်သက်သာ စေပါတယ်၊ တချိုတွေမှာ ဓာတ်မတည့်ရင်တော့ အော့အန်ခြင်းကို တစ်ခါတစ်ရံ ဖြစ်စေတတ်လို သတိထား သုံးစွဲ သင့်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN