စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း၌ သက်မွေးပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည်


(ပြည်တွင်း) စက်တင်ဘာ ၂၄

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း၌ အင်ဂျင်နီယာသင်တန်းများနှင့် ဟိုတယ်နှင့်ခရီးသွားသင်တန်းများ အခမဲ့ဖွင့်လှစ်ပေးမယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းများတွင် Electrical Technology၊ Electronics(Computer & Networking)၊ Residential Air-Conditioning Mechatronics(Basic Servicing)၊ General Welding အင်ဂျင်နီယာသင်တန်း ငါးခုနှင့် Front Office Operations၊ Housekeeping Operations၊ Restaurant Operations ဟိုတယ်နှင့် ခရီးသွားသင်တန်း သုံးခုတို ပါဝင်ပြီး စုစုပေါင်း သင်တန်းရှစ်ခုကို အခမဲ့ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ပါတယ်။

နိုင်ငံအတွင်း လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး ယခုကဲ့သို့ သက်မွေးပညာ သင်တန်းများကို အခမဲ့ဖွင့်လှစ်ပို့ချရန် စီစဉ်ဆောင်ရွက်နေ ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်မှစတင်ပြီး သင်တန်းများကို ဖွင့်လှစ်မည်ဖြစ်ကာ သင်တန်းကာလမှာ ခြောက်လကြာမြင့်မှာဖြစ်ပါတယ်။

သင်တန်းအသီးသီးတွင် စာတွေ့ ၃၀ ရာခိုင်နှုန်းနှင့် လက်တွေ့ ၇၀ ရာခိုင်နှုန်း သင်ကြားပေးမှာဖြစ်ပြီး သင်တန်းပြီးမြောက်ပါက လုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင် နိုင်သည်အထိ အခွင့်အရေးများစွာ ရရှိနိုင်မှာဖြစ်ပါတယ်။

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်းမှ အခမဲ့ဖွင့်လှစ်ပေးမည့် သက်မွေးပညာသင်တန်းများသို့ တက်ရောက်လိုသူများအနေနဲ့ အောက်တိုဘာလ ၄ ရက် နောက်ဆုံးထားပြီး သင်တန်းကျောင်းတည်ရှိရာ အမှတ်(၁၂၃)၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်သို့ လာရောက် လျှောက်ထားနိုင်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN