ပြည်ကြီးတံခွန်မြို့နယ်တွင်ရှိ ဝါယာတိတ်ထုတ် လုပ်သော Good Will Tape စက်ရုံ မီးလောင်မှု ဖြစ်ပွား

(ပြည်တွင်း) စက်တင်ဘာ ၁၉

       မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊(ဈ) ရပ်ကွက်၊အကွက်အမှတ် H-၁၉၉၊၁၃၉×၁၃၈ လမ်းကြား၊၆၁×၆၂ လမ်းကြားရှိ ဦးမြင့်ခိုင်၊၅၀နှစ်၊ပိုင်ဆိုင်သည် ဝါယာတိတ်ထုတ်လုပ်သော Good Will Tape စက်ရုံတွင် ယမန်နေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်က  မီးလောင်မှုဖြစ်ပွားကြောင်း သိရပါသည်။

     အဆိုပါ မီးလောင်ရာသို့ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြိမ်းသတ်ခဲ့ရာ ည ၇ နာရီခွဲအချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့​ပြီး ၇ နာရီ ၄၈ မီနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။ မီးလောင်မှုကြောင့် ပေ ၆၀×၆၀ ပတ်လည်ရှိ သွပ်မိုး၊အုတ်ကာ၊ဂိုဒေါင် ၁လုံး ပျက်စီးခဲ့ပြီး မီး လောင်ရသည့် အကြောင်းရင်းနှင့်ဆုံးရှုံးမှုတန်ဖိုးအား စိစစ်နေဆဲဖြစ်သည်ဟု သိရသည်။

      ထိုသို့ မီးငြိမ်းသတ်ရာတွင် ဗဟိုမီးသတ် (ချမ်းအေးသာစံ)မှ တပ်ကြပ်ကြီး မင်းပြည့်စုံ၊၂၄နှစ်၊(ဘ)ဦးမင်းသိန်း၊ဗဟိုမီးသတ်ရုံး၊ချမ်းအေးသာစံမြို့နယ်နေထိုင်သူမှာ ဝဲဘက်ပခုံး ဖူးယောင်ဒဏ် ရာ(မစိုးရိမ်ရ)ရရှိသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီး အရေးပေါ်နှင့် ပြင်ပလူနာဌာနသို့ တင်ပို့ကုသထားသည်။

      Good Will Tape စက်ရုံအား ၂၀ – ၃ – ၂၀၂၄ ရက်​နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး အကျယ် အဝန်းမှာ  အလျား ၁၅၀ပေ၊အနံ ၁၀၀ပေ (၀.၃၄ ဧက)ရှိပြီး အလုပ်သမားဦးရေ ကျား ၃ ဦး၊ မ ၃၇ ဦး၊ စုစု ပေါင်း ၄၀ဦးခန့်ရှိသည်။ စက်ရုံအား နံနက် ၈ နာရီမှ ညနေ ၄ နာရီအချိန်ထိ ဖွင့်လှစ်လုပ်ကိုင်လျက်ရှိပြီး မီးလောင်မှုဖြစ်ပွားချိန်တွင် ညစောင့်အလုပ် သမား ဦးကျော်သန်း၊၇၅နှစ်၊(ဘ)ဦးလှမောင်၊ဓနုံးကျေးရွာ၊ အမရပူရမြို့နယ် နေထိုင်သူနှင့်ဦးမင်းမင်း၊၅၇နှစ်၊(ဘ)ဦးကျော်သန်း၊ဓနုံးကျေး ရွာ၊ အမရပူရမြို့နယ်နေထိုင်သူတို့ ၂ ဦးရှိကြောင်း သိရပါသည်။

       မီးပေါ့ဆစွာ သုံးစွဲသူ ဦးဝမ်းတူး၊၂၈နှစ်၊(ဘ) ဦးဖိုးကို၊စက်ရုံမန်နေဂျာ၊၅၄×၅၅ လမ်းကြား၊၁၁၃(F)လမ်း၊မြရည်နန္ဒာရပ်ကွက်၊ချမ်းမြသာစည်မြို့နယ်နေထိုင်သူအား အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

#PAN