ပူတာအိုတွင် ရွှေအလွန့်အကျွံတူးဖော်နေသည့်အတွက် ချောင်းများတိမ်ကောလာမည်ကို ဒေသခံများ စိုရိမ်နေ


(ပြည်တွင်း) စက်တင်ဘာ ၁၀

ကချင်ပြည်နယ်၊ ပူတာအိုဒေသတွင်စက်ယန္တရားကြီးများဖြင့် လွန်ခဲ့‌‌သော ဩဂုတ်လကစပြီး လုပ်ငန်းရှင်များက ရွှေအလွန်အကျွံတူးဖော်နေသဖြင့် ထွက်ရှိလာသော ရွံ့နွံများကြောင့် ယင်းဒေသရှိချောင်းများ တိမ်ကောမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။

ပူတာအိုဒေသရှိ မဂျော့ဝေါ့ချောင်း၊ နမ့်ထွမ်ချောင်း၊ တာကူရှီးဇားချောင်းနှင့်ဆန်ဂေါင်ရွာမှ ချောင်းများသည် ရွှံ့ရေအဖြစ်ပြောင်းလဲသွား‌ပြီးဖြစ်ပြီး အဆိုပါချောင်းများ မကြာမီ တိမ်ကောလာမည်ကို ဒေသခံများယုံကြည်နေကြသည်။

ထိုချောင်းများကို ဒေသခံများက လယ်ယာများနှင့် စိုက်ပျိုးခြံများအတွက် အသုံးပြုကြပြီး ချောင်းများသည်လည်း တစ်ရက်ထက်တစ်ရက် ပိုမိုတိမ်ကောလာနေသည့်အတွက်ဒေသခံများကစိုးရိမ်နေကြသကဲသို့ ရွှေအလွန့်အကျွံတူးဖော်မှုတွေအပေါ် ဒေသခံများမှ မကြေနပ်ချက်များလည်းထွက်ပေါ်နေသည်ဟု သိရသည်။

အောင်မောင်း(ရာမညမြေ)

Telegram»…
https://t.me/positiveanglenews

PAN