မြင်းခြံမြို့တွင် အကြမ်းဖက် PDF အဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား


(ပြည်တွင်း)စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာတွင် ပြည်သူ့စစ်(ဌာနေ)မှ ပြည်သူ့စစ်အဖွဲ့ဝင် ၂၀ ဦးသည် ယနေ့နံနက် ၉ နာရီ ၅၀ မိနစ်အချိန်ခန့်က လုံခြုံရေးတာဝန်ဆောင်ရွက်နေစဉ်အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်သည် လာရောက်ပစ်ခတ်သဖြင့် ပြည်သူစစ်အဖွဲ့ဝင် ၂ ဦး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ အကြမ်းဖက် PDF အဖွဲ့သည် Canter အမျိုးအစား၊ အဖြူရောင်ယာဉ် ၁ စီးဖြင့် လယ်သစ်ကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာ၊ ကျောက်ပြုတ် ကျေးရွာ ဘက်မှမြင်းခြံ-မြို့သာသွားကားလမ်းအတိုင်း မောင်းနှင်ရောက်ရှိလာခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ ပြီး နံနက် ၁၀ နာရီအချိန် ၏တွင် အကြမ်းဖက်အဖွဲ့များသည် လာရာလမ်းအတိုင်း ပြန်လည်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် PDF အဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှုကြောင့် လယ်သစ်ကျေးရွာ ပြည်သူ့စစ်(ဌာနေ)မှ ဦးအောင်ထွန်းလင်း၊ အသက် ၄၅ နှစ်၊ (ဘ)ဦးလှဆောင် နှင့် နိုင်ဟိန်းအောင်၊ အသက် ၁၉ နှစ်၊ (ဘ)ဦးသန်းစိုးတို့သည် သေနတ်ထိမှန် သေဆုံးခဲ့ရပြီး ဦးကျော်ဆွေ၊ အသက် ၅၅ နှစ်၊ (ဘ)ဦးတင်ငြိမ်းနှင့် ဇင်မင်းထွန်း၊ အသက် ၁၉ နှစ်၊ (ဘ)ဦးသန်းစိုးဦးတို့တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့ရကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးအား မြင်းခြံခရိုင် ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားကြောင်း၊ ဖြစ်စဥ်ဖြစ်ပွားရာသို့ တပ်မတော်စစ်ကြောင်းနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ ရောက်ရှိကာ ထွက်ပြေးသွားသည့် အကြမ်းဖက်သမားများနောက်သို့ လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။

ဇေယျာရွှေပြည်

Telegram»…
https://t.me/positiveanglenews

PAN