ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ ဖြေဆိုသူ ၆,၀၀၀ ကျော်ရှိ


(ပြည်တွင်း) စက်တင်ဘာ ၄

ကိုရီးယားနိုင်ငံတွင် နောက်တစ်ကြိမ်သွားရောက် အလုပ်လုပ်ကိုင်နိုင်စေရန် သီးသန့်ပြုလုပ်ပေးခဲ့တဲ့ အရည်အချင်းစစ် အထူးသီးသန့် စာမေးပွဲ‌မှာ ဝင်ရောက်ဖြေဆို သူ ၆,၀၁၁ ဦးရှိတယ်လို့ သိရပါတယ်။

အဆိုပါစာရင်းကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှ ထုတ်ပြန်ထားပြီး တောင်ကိုရီးယားနိုင်ငံမှာ သုံးနှစ်နှင့်အထက်လုပ်ကိုင်ခဲ့ကာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေသူများအတွက် ရည်ရွယ်ကျင်းပတယ်လို သိရပါတယ်။

Special EPS စာမေးပွဲဖြေဆိုခွင့်ရှိသူများရဲ့ ဝင်ခွင့်စာရင်းကို စက်တင်ဘာလ ၉ ရက်နှင့် ၁၀ ရက်မှာ လက်ခံသွားမည်ဖြစ်ပြီး အောက်တိုဘာလ ၁ ရက်မှ ၄ ရက် အထိစာမေးပွဲကို ကျင်းပပေးသွားမည်ဖြစ်ကာ ၈ ရက်မှာ အောင်စာရင်းထုတ်ပြန်ပေးသွားမည်ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သား ၇၀,၀၀၀ ကျော်ရောက်ရှိလုပ်ကိုင်နေသလို လစဥ်လုပ်သားရာနှင့်ချီထွက်ခွာနေကြောင်း သံရုံးမှထုတ်ပြန်ထားတဲ့ စာရင်းများအရ သိရပါတယ်။

ဆွေဇင်

Telegram»…
https://t.me/positiveanglenews

PAN