မြို့သာနယ်မြေရဲစခန်းအား အင်အားအလုံးအရင်းဖြင့်ဝင်ရောက်တိုက်ခိုက်သော အ​ကြမ်းဖက် PDF အဖွဲ့များ အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေး


(ပြည်တွင်း) စတင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့သာနယ်မြေရဲစခန်းအား ယနေ့နံနက် ၇ နာရီအချိန်ခန့်က အ​ကြမ်းဖက် PDF အဖွဲ့များမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း မြို့သာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ရွပ်ရွပ်ချွံချွံခုခံတိုက်ခိုက်ခဲ့ခြင်း၊ စစ်ကူစစ်ကြောင်း များမှ အချိန်မှီသွားရောက်ကာ စစ်ကူပစ်ကူပေးခြင်း၊ ဝိုင်းပတ်ပိတ်ဆို့ချေမှုန်းပေးခြင်းတို့ကြောင့် နံနက် ၁၁ နာရီအချိန်ခန့်တွင် အကြမ်းဖက် PDF အဖွဲ့များမှာ အထိအခိုက် အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး ရသည်။

၎င်းတို့ ထွက်ပြေးရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထပ်ကြပ်လိုက်လံချေမှုန်းခဲ့ရာ အကြမ်းဖက် PDF အလောင်း ၃ လောင်း၊ Type-81 သေနတ် ၁ လက်၊ ၉ မမ ပစ္စတို ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ပစ္စတို ကျည်ဘောက် ၃ ခု၊ လက်ပစ်ဗုံး ၃ လုံး၊ 7.62 ကျည် ၁၂၅ တောင့်၊ Type-81 ကျည် ၃၉၂ တောင့်၊ 5.56 ကျည် ၂၀ တောင့်၊ USA LUGA ကျည် ၂၁ တောင့်၊ ၄၀-မမ ဗုံးသီး ၄ လုံး၊ ကျည်ကာအင်္ကျီ ၃ ထည်၊ ကျည်ကာဦးထုပ် ၃ လုံး၊ icon ၅ လုံးတို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ