“ရန်ကုန်-မန္တလေး အခြေပြုပြေးဆွဲနေသော လေကြောင်းလိုင်းများ လက်မှတ်နှုန်း ပြောင်းလဲ”

(ပြည်တွင်း) သြဂုတ် ၃၀

ရန်ကုန်-မန္တလေး-မြစ်ကြီးနား-ပူတာအို၊ မန္တလေး-ကျိုင်းတုံ-ဗန်းမော်နှင့် မန္တလေး-ကလေး-ခန္တီး-ဟုမ္မလင်း အပါ အဝင် ပြည်တွင်းခရီးစဉ် ပြေးဆွဲနေသော လေကြောင်းလိုင်း လက်မှတ်ဈေးနှုန်းများ သြဂုတ်လ တတိယပတ်မှ စတင်ကာ လောင်စာဆီဈေးမြင့်တက်လာခြင်းကြောင့် လေယာဉ်လက်မှတ်နှုန်းများ ဈေးနှုန်းပြောင်းလဲခဲ့ပြီး ခရီးစဉ် ပေါ်မူတည်၍ ယခင်ဈေးနှုန်းများထက် ငွေကျပ် ၅၀,၀၀၀ ကျော်အထိ ဈေးတက်လာခဲ့ပါတယ်။

လက်ရှိမှာတော့ ရန်ကုန်-မန္တလေး ခရီးစဉ်အတွက် ငွေကျပ် ၁၆၉,၉၉၉ ကျပ်၊ မန္တလေး-ရန်ကုန်ခရီးစဉ်အတွက် ငွေကျပ် ၁၈၄,ဝဝဝ ကျပ်၊ မန္တလေး-မြစ်ကြီးနား ငွေကျပ် ၃၂၉,၉၉၉ ကျပ်၊ မြစ်ကြီးနား-မန္တလေး ငွေကျပ် ၃၈၀,၀၀၀ ကျပ်၊ မန္တလေး-ပူတာအို ငွေကျပ် ၃၁၄,၉၉၉ ကျပ်၊ ပူတာအို-မန္တလေး ၃၅၀,ဝဝဝ၊ မန္တလေး-တာချီလိတ် ငွေကျပ် ၃၂၈,၅၀၀ ကျပ်၊ မန္တလေး-ကျိုင်းတုံ ငွေကျပ် ၂၉၂,၅ဝဝ၊ မန္တလေး-ဗန်းမော် ငွေကျပ်၂၉၀,၀၀၀ ကျပ်၊ မန္တလေး-ကလေး ငွေကျပ် ၂၂၉,၉၉၉ ကျပ်၊ မန္တလေး-ခန္တီး ငွေကျပ် ၃၆၀,၀၀၀ ကျပ်နှင့် မန္တလေး-ဟုမ္မလင်း ခရီးစဉ်အတွက် ငွေကျပ် ၃၀၀,၀၀၀ ကျပ်တို့ဖြင့် ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း မြန်မာ့လေကြောင်းအပါအဝင် ပုဂ္ဂလိကလေကြောင်းလိုင်း တရားဝင် အရောင်းကိုယ်စားလှယ်များထံမှ သိရပါတယ်။

#PAN