သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း) ပထမနှစ်ဝင်ခွင့်ကို အောက်တိုဘာလ ၄ ရက် နောက်ဆုံး ထား၍ လျှောက်ထားရမည်

(ပြည်တွင်း) သြဂုတ် ၂၅

     ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနေဖြင့် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင် ရာ တက္ကသိုလ်(ရေဆင်း)၏ သိပ္ပံဘွဲ့(သစ်တောပညာ) B.Sc Forestry (၄)နှစ်သင်တန်းသို့ တက်ရောက်ခွင့်ရရှိရန် အောက်တိုဘာလ ၄ ရက် နောက်ဆုံးထား၍ လျှောက်ထားရမှာဖြစ်ကြောင်း သိရပါတယ်။

     တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာတွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ STEAMS-1 (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတု ဗေဒ၊ ဇီဝဗေဒ) ဘာသာတွဲဖြင့် အောင်မြင်ခဲ့သူ၊ တက္ကသိုလ်ဝင်စာမေး ပွဲတွင် စုစုပေါင်းရမှတ် ၃၅၀ မှတ်နှင့်အထက် ရရှိရသူ၊ ဝင်ခွင့်ရရှိပါက သက် ဆိုင်ရာဘာသာရပ်များနှင့်ပတ် သက်၍ တောတွင်းလက်တွေ့ကွင်းဆင်း ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေး(က)အဆင့်ရှိပြီး ကိုယ်လက်အင်္ဂါပြည့်စုံသူ၊ တက္ကသိုလ်မှချမှတ်ထားသော စည်း မျဉ်း၊ စည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ရမှာလည်း ဖြစ်ပါတယ်။

      သတ်မှတ်ထားတဲ့ အချက်အလက်များပြည့်စုံပါက လျှောက်လွှာနှင့်အတူ ဖော်ပြထားရှိတဲ့ စာရွက်စာတမ်းများကို အောက်တိုဘာလ ၄ ရက် (သောကြာနေ့) သင်တန်းရေးရာဌာနခွဲ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်သို့ လိပ်မူ၍ စာတိုက်သေတ္တာအမှတ် ၁၅၀၅၀၁(သို့မဟုတ်) Email လိပ်စာ [email protected] သို့ တိုက်ရိုက်ပေးပို့ လျှောက်ထားရမှာဖြစ် ကြောင်း သိရပါတယ်။

     တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ခံရသူများနှင့် ကျောင်းဖွင့်ချိန်ကို ထပ်မံကြေညာပေးသွားမှာဖြစ်ပြီး သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း)သို့ ဝင်ခွင့်မရရှိပါက တက္ကသိုလ်ဝင်ခွင့် ဆုံးရှုံးမှုမရှိစေရန်အတွက် လျှောက်ထား သူများအနေနဲ့ ကြေညာသတ် မှတ်ထားတဲ့ နည်းလမ်းများအတိုင်း တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာဖြင့် အခြားတက္ကသိုလ် များသို့လည်း လျှောက်ထားရန်လိုအပ်ကြောင်း ထုတ်ပြန်ထားရှိပါတယ်။

     အသေးစိတ်သိရှိလိုပါက သစ်တောနှင့် ပတ်ဝန်း ကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ဖုန်း – ၀၆၇ ၃၄၁၆၆၈၁(သို့မဟုတ်) ၀၆၇ ၃၄၁၆ ၅၁၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ Website ဖြစ်တဲ့ https://www.  monrec.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။

#PAN