ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရုရှားနှင့်ဆွေးနွေးရန် အိန္ဒိယဝန်ကြီး နာရန်ဒရာ မိုဒီ က ယူကရိန်းသမ္မတကို တိုက်တွန်း

(နိုင်ငံတကာ) သြဂုတ် ၂၅

     ယူကရိန်း စစ်ရေးပဋိပက္ခအဆုံးသတ်နိုင်ရေးအတွက် ရုရှားနိုင်ငံနှင့်ဆွေးနွေးရန် အိန္ဒိယဝန်ကြီး ချုပ် နာရန်ဒရာ မိုဒီ က ယူကရိန်းသမ္မတ ဇီလန်စကီး ကို ဩဂုတ်လ ၂၃ ရက်တွင် ကိယက်ဗ်မြို့၌ တွေ့ဆုံစဉ် တိုက်တွန်းခဲ့ကြောင်း သိရသည်။

     ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် အဖြေကို တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်၊ သံတမန်ရေးလမ်းစဉ်များ ဖြင့်သာ ရှာဖွေရယူနိုင်မည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီး နှင့်တွေ့ဆုံစဉ် အိန္ဒိယဝန်ကြီးချုပ် က ပြောကြားခဲ့သည်။

     ထို့ပြင် ယူကရိန်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှု မှန်သမျှတွင် တက်ကြွသည့်အခန်းကဏ္ဍမှ ပါဝင်ရန် အိန္ဒိယအနေဖြင့် အသင့်ရှိကြောင်းလည်း အိန္ဒိယဝန်ကြီးချုပ်က ယူကရိန်းသမ္မတနှင့်တွေ့ဆုံစဉ် ကမ်း လှမ်းခဲ့သည်။

     အိန္ဒိယဝန်ကြီးချုပ် မိုဒီ သည် ယူကရိန်းစစ်ပွဲစတင်ခဲ့သော ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလနောက် ပိုင်း ပထမဆုံး ယူကရိန်းခရီးစဉ်အဖြစ် ဩဂုတ် လ ၂၃ ရက်တွင် ကိယက်ဗ်မြို့သို့ ရောက်ရှိခဲ့သည်။

     အိန္ဒိယနိုင်ငံသည် ယူကရိန်းစစ်ပွဲအတွက် ရုရှားနိုင်ငံကို တိုက်ရိုက်ဝေဖန်ပြစ်တင်ရန် ငြင်း ပယ်ထားသည့် အပြင် ရုရှားနိုင်ငံနှင့်လည်း ကုန် သွယ်မှုဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

#PAN