ပုသိမ်ကြီးမြို့နယ်နေ အကြမ်းဖက် PDF ထောက်ပို့တစ်ဦး ဖမ်းစီးရမိ


(ပြည်တွင်း) ဩဂုတ် ၂၂

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၁၂ လမ်းနှင့် ၇၆ လမ်း၊ လမ်းဆုံတွင် ယနေ့နေ့လည် ၂ နာရီအချိန်ခန့်က အကြမ်းဖက် PDF ထောက်ပို့တစ်ဦးအား ဖမ်းစီးရမိကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၁၂ လမ်းနှင့် ၇၆ လမ်း၊ လမ်းဆုံတွင် လုံခြုံရေး ပူးပေါင်းအဖွဲ့များမှ သတင်းအရ ဖြတ်သန်းသွား လာသော ယာဉ်များအား စစ်ဆေးနေစဉ် ၁၂ လမ်းအတိုင်း အနောက်မှအရှေ့သို့ မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ဝင်းချော(ခ)ငွေလုံး(ခ)ကျင်ဝှက်၊ အသက် ၄၁ နှစ်၊ မုန့်ပို့လုပ်ငန်းလုပ်ကိုင်သူ မဲကင်းကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူအား ၎င်းဝတ်ဆင်ထားသော လယ်ကတုံးရှပ်အင်္ကျီ အိတ်ကပ်အတွင်းမှ စစ်စခန်းများသိမ်းပိုက်ဖို့ “ငါးကြင်းမြီး(စက်လက်)ကို ဝယ်ကြစို့” စာတန်းပါ အကြမ်းဖက် PDF သောင်းကျန်းသူအဖွဲ့၏ အလှူခံဖြတ်ပိုင်း စာရွက်တစ်ရွက်အား တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ၎င်းကိုင်ဆောင်သည့် လက်ကိုင်ဖုန်းအတွင်း YHA.YHA Facebook Account မှ အခြား PDF Account များနှင့် ဆက်သွယ်ဆောင်ရွက်လျက် ရှိကြောင်း တွေ့ရှိရသဖြင့် သက်ဆိုင်ရာမှ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ