အကြမ်းဖက် PDF များ သင်တန်းပေးနေသည့် ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ တပ်မတော်လေယာဥ်မှ ဗုံးကြဲ


(ပြည်တွင်း)ဩဂုတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ကွမ်းအုံကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း၌ ယနေ့မွန်းတည့် ၁၂ နာရီခန့်ချိန်တွင် အကြမ်းဖက် PDF မျာအား သင်တန်းပေးနေကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံများ၏ သတင်းပေးပို့မှု့အရ တပ်မတော်လေမှ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်မတော်လေယာဥ်မှ ကြဲချခဲ့သည့် ဗုံး ၄ လုံးမှာ ဘုန်းကြီးကျောင်းဝင်းအတွင်း သင်တန်းပေးရာနေရာသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ဒေသခံရွာ သားများ၏ ပြောကြားချက်အရ သိရှိရသည်။

ဖြစ်စဥ်တွင် အကြမ်းဖက် PDF ၇ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများအား လိုက်ထရပ်ယာဥ် ၂ စီးဖြင့် သယ်ဆောင် ထွက်ပြေးသွားကြကြောင်း၊ ၎င်းဘုန်းကြီးကျောင်းမှာ အ​​အကြမ်းဖက် PDF ထောက်ခံအားပေးသည့်ကျောင်းဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ