ကျိုက်ထို မြို့နယ်မှူး စစ်ဆေးခံနေရ


(ပြည်တွင်း) ဩဂုတ် ၂၀

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရဲစခန်းက မြို့နယ်မှူးအပြင် ရဲအုပ်တစ်ဦးနှင့် အရပ်သားတစ်ဦးတို့် ခေါ်ယူစစ်ဆေးခံနေရသည်ဟု သိရသည်။

“PDF တွေနဲ့ဆက်သွယ်နေတာရယ် သတင်းပေါက်ကြားတာ အဲဒါတွေနဲ့ စစ်ဆေးခံနေရတယ်လို့ကြားတယ် ကျန်တာတော့မသိဘူး” ဟု မြို့ခံတစ်ဦးကပြောသည်။

ကျိုက်ထိုမြို့မရဲစခန်းမှ မြို့နယ်ရဲမှူးဦးဇော်ဇော်ကို ဩဂုတ်လ ၁၆ ရက်နေ့ ည ၇ နာရီခန့်တွင် သတင်းပေါက်ကြားမှု အကြမ်းဖက်အဖွဲ့များနှင့်ပတ်သက်သည်ဟုဆိုကာ သက်ဆိုင်ရာမှ ခေါ်ဆောင်စစ်ဆေးနေကြောင်း သိရသည်။

ကျိုက်ထိုမြို့မရဲစခန်းမှ ရဲအုပ်ပြည်သူရစိုးကို ဩဂုတ် ၁၄ ရက်နေ့ ည ၆နာရီကျော်ခန့်က လာရောက်ခေါ်ဆောင်စစ်ဆေးခဲ့ပြီးသည့်နောက် မြို့မစခန်းမှူးအပါအဝင် အရပ်သားတစ်ဦးကို ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #ZN