“ရေနစ်မြုပ်မှုကြောင့် ပြန်လည်စိုက်ပျိုးရန်လိုအပ်သည့် စပါးစိုက်ခင်းများကို အတိုးမဲ့မျိုးစပါးနှင့် ဓာတ်မြေဩဇာဖိုးငွေ ကူညီပေးရန်စီစဉ်”

(စိုက်ပျိုးရေး) ဩဂုတ် ၁၉

ရေနစ်မြုပ်မှုကြောင့် ပြန်လည်စိုက်ပျိုးရန်လိုအပ်သည့် စပါးစိုက်ခင်းများကို အတိုးမဲ့မျိုးစပါးနှင့် ဓာတ်မြေ ဩဇာဖိုးငွေကူညီပေးရန် စီစဉ်ထားလျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရွာသွန်းမှုများခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိတဲ့ မိုးစပါးစိုက်ပျိုး ဧရိယာများမှ ဧက ကိုးသိန်းကျော်၊ တစ်သန်းနီးပါး ရေလွှမ်းသောဒဏ်ကိုခံခဲ့ရပြီး အချို့နေရာများတွင် ပျိုးခင်းများရေမြုပ်သည့်အခါ ပြန်လည်စိုက်ရခြင်းနှင့် ပျက်စီးသွားခြင်းများရှိတာကြောင့် အစိုးရဘက်မှ ထိုက်သင့်သည့် ပံ့ပိုးကူညီမှုများ လုပ်ဆောင် ပြီး ဆန်စပါးအသင်းချုပ်အနေဖြင့်လည်း ထိုက်သင့်သည့် ပံ့ပိုးကူညီမှုများလုပ်ဆောင်ရန် စီစဉ်ထားခြင်းဖြစ်ပါတယ်။

ပြန်လည်စိုက်ပျိုးရန်လိုအပ်သည့် စာရင်းများကို စိစစ်နေပြီး မျိုးစပါးနှင့် ဓာတ်မြေဩဇာကိစ္စရပ်များ စီစဉ် ဆောင်ရွက်ပေးသွားမှာြဖစ်ပါတယ်။

ရေမြုပ်သွားသည့် နေရာတိုင်းမှ စပါးခင်းတိုင်း ပျက်စီးမသွားဘဲ ပြန်ပေါ်နိုင်သည့် အနေအထားအများကြီးရှိပြီး ရေပြန်ကျသွားပါက လိုအပ်သည့် အားဆေး၊ မြေဩဇာများကျွေးကာ ရောဂါပိုးမွှားမကျ ပါက ထိခိုက်မှုနည်းပါးကြောင်းလည်း သိရပါတယ်။

PAN