ထိုင်းဘုရင်၏ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်


(နိုင်ငံတကာ) ဩဂုတ် ၁၈

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် သည် ထိုင်းဘုရင်မင်းမြတ်၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိခဲ့ပြီး ၎င်းအား ပြစ်ဒဏ်ကာလမပြည့်မီ ခံဝန်ဖြင့် လွှတ်ပေးထားမှုမှာ ဩဂုတ်လ ၁၈ ရက်တွင် အဆုံးသတ်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ရှေ့နေများက ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုင်းဘုရင် မဟာဝါဇီယာလောင်ကွန်းသည် ပြီးခဲ့သည့်လက ၎င်း၏ မွေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသားဦးရေ ၇,၅၀၀ တို့ကို အထွေထွေလွတ်ငြိမ်းချမ်းသာ ခွင့်များ ပေးခဲ့သည်။

ထိုင်းဘုရင်၏ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်တွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် လည်းပါဝင်ခဲ့ရာ ၎င်းအား ခံဝန်ဖြင့်လွှတ်ပေး ထားသည့် ကာလမှာ လည်း ဩဂုတ်လ ၁၈ ရက်တွင် အဆုံးသတ်မည်ဖြစ်ကြောင်း သိရသည်။

အသက် ၇၅ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ပြည်ပြေးတစ်ဦးအဖြစ် ပြည်ပ၌ ၁၅ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ထိုင်းနိုင်ငံသို့ ပြန်ရောက်ပြီးချိန်တွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်မှာ အာဏာအလွဲသုံးစားပြုလုပ်မှု အပါအဝင် စွဲချက်များဖြင့် ထောင်ဒဏ်ရှစ်နှစ် ချမှတ်ခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ထိုင်းဘုရင်က သက်ဆင်ခံစားရမည့် ပြစ်ဒဏ်ကာလကို တစ်နှစ်အထိ လျှော့ချပေးခဲ့သည်။

သို့ရာတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ခြောက်လကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် ယခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ခံဝန်ဖြင့် ပြန်လည်လွတ်မြောက် လာခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ