“ပြည်တွင်း၌ ပိုးသတ်ဆေးထုတ်လုပ်ရန် FDI တွေ ဖိတ်ခေါ်ရမည်ဖြစ်ကြောင်းပြော”

(စိုက်ပျိုးရေး) ဩဂုတ် ၁၇

ပြည်တွင်း၌ ပိုးသတ်ဆေးထုတ်လုပ်မှုအားနည်းနေတာကြောင့် ပိုးသတ်ဆေးဥပဒေနဲ့အညီ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု(FDI)တွေကို ဖိတ်ခေါ်ရမှာဖြစ်တယ်လို့ ဩဂုတ်လ ၁၅ ရက်မှာ ပြုလုပ်တဲ့ ပိုးသတ်ဆေးနည်းပညာ ကော်မတီအစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း က ပြောကြားခဲ့ပါတယ်။

ပြည်တွင်းမှာထုတ်လုပ်တဲ့ ပိုးသတ်ဆေးတွေဟာ ပြည်ပကနေ ကုန်ကြမ်းတင်သွင်းနေရလို့ ကုန်ကြမ်း တွေကိုလည်း အရည်အသွေးမှန်/မမှန် ဓာတ်ခွဲနိုင်ဖို့ ဓာတ်ခွဲခန်းတွေကို အဆင့်မြှင့်တင်ဆောင်ရွက်ကြဖို့ လိုတယ်လို့ လည်း ပြောခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတော်မူဝါဒအရ ဓာတုပိုးသတ်ဆေးသုံးစွဲမှုလျှော့ချပြီး သဘာဝပိုးသတ်ဆေးတွေ သုံးစွဲနိုင်ဖို့ ကိုလည်း နည်းပညာပေးဖို့ဆောင်ရွက်ရမယ်လို့ ဒေါက်တာ ရဲတင့်ထွန်း က ပြောပါတယ်။

လက်ရှိမှာ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့အနေနဲ့ မှတ်ပုံတင်ထားရှိတဲ့ ပိုးသတ်ဆေး စုပေါင်း ၄,၂၃၇ ခုကို ခွင့်ပြုပေးခဲ့ပြီး ယခုကျင်းပတဲ့ အစည်းအဝေးမှာ ပိုးသတ်ဆေးအမျိုးအစား ၉၃ မျိုးကို ထပ်မံခွင့်ပြုပေးဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

#PAN