အမေရိကန်က ပယ်လယ်နီဒေသသို့ ပဲ့ထိန်းဒုံးကျည်ပါ ရေငုတ်သင်္ဘောနှင့် လေယာဉ်တင်သင်္ဘောများစေလွှတ်

(နိုင်ငံတကာ) ဩဂုတ် ၁၂
တင်းမာမှုမြင့်တက်နေသည့် အရှေ့အလယ်ပိုင်းဒေသအား ထိန်းချုပ်ရန် အမေရိကန်က ပယ်လယ်နီဒေသသို့ ပဲ့ထိန်းဒုံးကျည်ပါ ရေငုတ်သင်္ဘောနှင့် လေယာဉ်တင်သင်္ဘောများအမြန်ဆုံးစေလွှတ်နေကြောင်းသိရသည်။
Doha Institute for Graduate Studies မှ တွဲဖက်ပါမောက္ခ Ibrahim Fraihat က အမေရိကန်သည် ပဲ့ထိန်းဒုံးကျည် ရေငုပ်သင်္ဘော နှင့် လေယာဉ်တင်သင်္ဘောအဖွဲ့အား အရှေ့အလယ်ပိုင်းသို့ အမြန်ရောက်ရှိရန် အမိန့်ပေးခြင်းဖြင့် အီရန်အား သတိပေးနေကြောင်း ပြောကြားခဲ့သည်။
ဒေသတွင်းတင်းမာမှုများအား ထိန်းချုပ်မှုကို ပြသသည့်အပြင် အစ္စရေးနိုင်ငံအား ကာကွယ်ရန်အတွက် အဆင်သင့်ဖြစ်စေရေး ယခုကဲ့သို့လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူများကဆိုသည်။
အီရန်နိုင်ငံအနေဖြင့် အစ္စရေးအား လက်စားချေတိုက်ခိုက်မည့် အစီအစဉ်အား လက်မလွှတ်နိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန်သံတမန်၏ ပြောဆိုမှုအပြီး ဒေသတွင်းတင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့သည်။

#PAN