ရှိတ်ဟာစီနာသည် ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ခဲ့ရခြင်းနောက်ကွယ်တွင် အမေရိကန်ရှိနေကြောင်းထုတ်ဖော်

(နိုင်ငံတကာ) ဩဂုတ် ၁၂

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာသည် သူအနေဖြင့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့ရမှုနောက်ကွယ်တွင် အမေရိကန်၏ စွက်ဖက်မှုများပါဝင်ကြောင်း ထုတ်ဖော်ခဲ့သည်။


၎င်းတို့အနေဖြင့် စိန့်မာတင်ကျွန်းအား အမေရိကန်ကို ပေးအပ်ပြီး အချုပ်အခြာအာဏာကို ထိပါးခံခဲ့မည်ဆိုပါက ယခုကဲ့သို့ ဖြစ်မည်မဟုတ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။


အမေရိကန်၏ ဘင်္ဂလားပင်လယ်အော်တွင် ဩဇာလွှမ်းမိုးရေးစီမံချက်ကို အကောင်အထည်ဖော်ရန် ရှိတ်ဟာစီနာကို ကမ်းလှမ်းခဲ့ပြီး သူမအနေဖြင့် ငြင်းဆန်ခဲ့ခြင်းကြောင့် ဖယ်ရှားခံခဲ့ရကြောင်း ထုတ်ဖော်ခဲ့သည်။


ရှိတ်ဟာစီနာသည် ဆူပူအုံကြွမှုများကြောင့် အိန္ဒိယကိုထွက်ပြေးခဲ့ရပြီး လက်ရှိအချိန်ထိ အဲဒီမှာ ဆက်လက်နေထိုင်နေကြောင်းသိရသည်။

#PAN