သီးမြစ်တောင်ကုန်းတွင် တိုက်ပွဲပြင်းထန်နေ


(ပြည်တွင်း) ဩဂုတ် ၁၂
ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့ကိုဆက်သွယ်ထားသည့် ဟားခါး – ထန်တလန်လမ်းမှ သီးမြစ်တောင်ကုန်းတွင် ယနေ့နံနက် ၅ နာရီခွဲအချိန်မှစတင်ကာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း ကြောင်းသိရသည်။

“တစ်နာရီလောက်ပစ်ပြီးရင်ခဏရပ်သွားတယ် ပြီးရင်ပြန်ပစ်တယ်။သေနတ်သ့တွေရော ဗုံးသံတွေရော ဆက်တိုက်ကြားနေရတယ်” ဟု တိုက်ပွဲနှင့်နီးကပ်စွာရှိနေသည့် ဒေသခံသတင်းအရင်းအမြစ်မှပြောသည်။

ဟားခါး – ထန်တလန်လမ်းရှိ သီးမြစ်တောင်ကုန်းမှတပ်မတော်စခန်းအား CDF ပူးပေါင်းအဖွဲ့များမှ လာရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟုသိရပြီး ယမန်နေ့ည ၉ နာရီအချိန်ခန့်ကလည်း အမြှောက်ကြီးများ ၂ ကြိမ်အထိ ပစ်ခတ်သံကြားရကြောင်း ဒေသခံများ၏ပြောဆိုချက်များအရ သိရသည်။

ချင်းပြည်နယ်ဟားခါးမြို့ကိုပစ်ခတ်တိုက်ခိုက်ရန် ချင်းအကြမ်းဖက်သောင်းကျန်းသူများနှင့် ရခိုင်လက်နက်ကိုင် AA တို့ ပူးပေါင်းကြံစည်မှုများပြုလုပ်နေသည့်အတွက် ဟားခါးမြို့သို့ စစ်ကူစစ်ကြောင်းများစေလွှတ်ထားသည်ဟုလည်း တပ်မတော်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းများထံမှ သိရသည်။

#PAN