တာဝါတိုင်စခန်းအား အကြမ်းဖက် CNA/CNF အင်အား ၁၀၀ ခန့်မှ လာရောက်တိုက်ခိုက်


(ပြည်တွင်း) ဩဂုတ် ၇

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ တာဝါတိုင်စခန်းအား ယနေ့ညနေပိုင်းက အကြမ်းဖက် CNA/CNF အင်အား ၁၀၀ ခန့် လာရောက်တိုက်ခိုက်ခဲ့ကြကြောင်း သိရှိရသည်။

အကြမ်းဖက် CNA/CNF အင်အား ၁၀၀ ခန့် လာရောက်တိုက်ခိုက်ခဲ့ပြီး စခန်းရှိ တပ်မတော်သားများမှ ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံတိုက်ခိုက်ခဲ့မှုကြောင့် ရန်သူများ ထိခိုက်ကျဆုံးမှုများစွာဖြင့် ၎င်းတို့၏ အလောင်း/လက်နက်များအား ရသလောက်ဆွဲယူ၍ ထွက်ပြေးသွားခဲ့ရကြောင်း သိရှိရသည်။

၎င်းဖြစ်စဉ်တွင် တပ်မတော်ဘက်မှ ထိခိုက်မှုမရှိဘဲ အကြမ်းဖက် CNA/CNF တို့ဘက်မှ အကြမ်းဖက် အလောင်း ၃၀ လောင်း၊ သေနတ်မျိုးစုံ ၁၄ လက်၊ BA-63 ၂ လက်၊ MA-1 ၁ လက်၊ MA-2 ၁ လက်၊ MA-3 ၁ လက်၊ K-42 ၁ လက်၊ M-79 ၁ လက်၊ KA ၇ လက်တို့ သိမ်းဆည်းရရှိခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားသော အကြမ်းဖက်များနောက်သို့ တပ်မတော်မှ လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ