လားရှိုး ကုတင် ၁၀၀ ကို ယူနန်-တရုတ် လက်နက်ကိုင်များဝင်ရောက်ပစ်ခတ်ခဲ့ဟု ကနေဒါနိုင်ငံရောက် ကယားပြည်နယ်တိုင်းရင်းသားများအစည်းအရုံး ဆို


(ပြည်တွင်း) သြဂုတ် ၆

ရှမ်းပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ပေါ်ရှိ ကုတင် (၁၀၀) ဆေးရုံးအား ယူနန်-တရုတ် လက်နက်ကိုင်များမှ ဝင်ရောက်ပစ်ခဲ့သည်ဟု ကနေဒါနိုင်ငံရောက် ကယားပြည်နယ်တိုင်းရင်းသားများ အစည်းအရုံးက ပြောဆိုထားပြီး ယင်းဖြစ်ရပ်ကို ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုံ့ချထားသည်။

ကနေဒါနိုင်ငံရောက် ကယားပြည်နယ်တိုင်းရင်းသားများအစည်းအရုံး၏ပြောဆိုချက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ပေါ်ရှိ ကုတင် (၁၀၀)ဆေးရုံး၌ အပြစ်မဲ့အရပ်သား မြို့ခံပြည်သူရာပေါင်းများစွာ ဆေးဝါးကုသနေစဉ် ဩဂုတ်လ ၁ ရက်နေ့က (Myanmar National Democratic Alliance Army – KoKang) ယူနန် – တရုတ် လက်နက်ကိုင်များမှ လက်နက်ဖြင့် အကြမ်းဖက် စီးနင်း၀င် ရောက်ပြီးဆရာ၀န်၊ သူနာပြု၊ ဆေး၀ါးကုသမှုခံယူနေသောအပြစ်မဲ့အရပ်သားပြည်သူများစွာကို လူသားမဆန်စွာသတ်ဖြတ်သွားခဲ့သည့်အပြင် ရာပေါင်းများစွာသောအပြစ်မဲ့ပြည်သူများကို(ဓါးစာခံ)အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ပြောဆိုထားသည်။

ထို့အပြင် ကနေဒါနိုင်ငံရောက် ကယားပြည်နယ်တိုင်းရင်းသားများအစည်းအရုံးမှ ဖမ်းဆီးခံရသူတွေပြန်လွှတ်ပေးရန်ဆိုသည့်အချက်ပါဝင်သည့် တောင်းဆိုချက် ၂ ချက်ကိုလည်း တောင်းဆိုထားသည်။

ယင်းတောင်းဆိုချက်များတွင် KoKang ယူနန်-တရုတ် (Myanmar National Democratic Alliance Army လက်နက်ကိုင်များမှ (ဓါးစာခံအဖြစ်) ဖမ်းဆီးထားသည့် အပြစ်မဲ့အရပ်သားပြည်သူ ပြည်ထောင်စု မြန်မာနိုင်ငံသားကို ချက်ချင်းပြန်လွှတ်ရန်၊ (Myanmar National Democratic Alliance Army KoKang) ယူနန်-တရုတ်လက်နက်ကိုင်များမှ ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံသားတို့၏ အသက်အိုးအိမ်နှင့် မျိုးဆက်သစ်ဘ၀များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီးမှုများမပြုလုပ်ရန် ဆိုသည့်အချက်များပါဝင်သည်။

လူသားမဆန်စွာအကြမ်းဖက် သတ်ဖြတ်ခံခဲ့ရသော အပြစ်မဲ့အရပ်သား မြန်မာနိုင်ငံသားမိသားစုများနှင့်အတူ ထပ်တူ၀မ်းနည်းကြေကွဲရသည်ဟု ကနေဒါနိုင်ငံရောက် ကယားပြည်နယ်တိုင်းရင်းသားများအစည်းအရုံးမှ ပြောဆိုထားပြီး MNDAA -KoKang ယူနန်တရုတ် လက်နက်ကိုင်များ၏ လူသားမဆန်သည့် အကြမ်းဖက်လုပ်ရပ်အားပြင်းပြင်းထန်ထန်ကန့်ကွက် ရှုံ့ချသည်ဟုလည်း ပြောဆိုထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ