ကန့်ဘလူမြိုနယ် အရှေ့တောင်ဘက်တွင် လုံခြုံရေးဆောင်ရွက်နေသောတပ်မတော်သားများနှင့် အကြမ်းဖက်အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား


(ပြည်တွင်း) ဩဂုတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြိုနယ် အရှေ့တောင်ဘက်တွင် ယမန်နေ့က လုံခြုံရေးဆောင်ရွက်နေသောနေရာသို့ ချဉ်းကပ်လာသည့် အကြမ်းဖက်အင်အား ၂၀ ဦးခန့် အား တပ်မတော်ဘက်မှ စတင်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များမှ ပြန်လည်ပစ်ခတ်ခဲ့ပြီး အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ်မှုတွင် အကြမ်းဖက် အလောင်း ၁ လောင်း၊ ဘီအေ(၆၃) ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၃၀ တောင့် သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်မှစစ်သည် ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ