အမေရိကန်နိုင်ငံသားအများစုက ဘိုင်ဒင်ကို ရာထူးမှ ချက်ချင်းနုတ်ထွက်စေလို


(နိုင်ငံတကာ) ဇူလိုင် ၃၁

အမေရိကန်နိုင်ငံသား အများစုက လက်ရှိ သမ္မတဂျိုးဘိုင်ဒင်ကို သမ္မတရာထူးမှ ယခုချက်ချင်း နုတ်ထွက် စေလိုကြောင်း သဘောတူသည်ဟု လူထုသဘောထား စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

ယခုစစ်တမ်း ကောက်ယူမှုကို Rasmussen Reports က လုပ်ဆောင်ခြင်းဖြစ်ပြီး ဘိုင်ဒင်ကို လက်ရှိသမ္မတရာထူး သက်တမ်း မကုန်မီ နုတ်ထွက်စေလိုသူ ၅၂ ရာခိုင်နှုန်းရှိသည်ဟု စစ်တမ်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ဘိုင်ဒင်အနေဖြင့် ရွေးကောက်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ခြင်းမပြုတော့သည့် ဆုံးဖြတ်ချက်ကို ထောက်ခံသူများမှာ မူ ၇၆ ရာခိုင်နှုန်းအထိရှိကြောင်း လူထုသဘောထားစစ်တမ်းတွင် တွေ့ရသည်။

ယခုသီတင်းပတ်အကုန်တွင် ထုတ်ပြန်ထားသည့် အဆိုပါ လူထုသဘောထားစစ်တမ်းကောက်ယူမှုကို ဇူလိုင်လ ၂၂ ရက်မှ ၂၄ ရက်အတွင်းလုပ်ဆောင်ခြင်းဖြစ်ပြီး စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ ၁,၀၇၄ ဦးရှိသည်။

ဂျိုးဘိုင်ဒင် က ၎င်းအနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မှုမှ နုတ်ထွက်ကြောင်း အတိအလင်း ကြေညာပြီး နောက် လွှတ်တော်ရှိ ရီဘတ်ဘလီကန် အမတ်များ က ဘိုင်ဒင်ကို သမ္မတရာထူးမှ ချက်ချင်းနုတ်ထွက်ရန်ပါ အတိအလင်း တောင်းဆိုလာသည်။

အကယ်၍ ဂျိုးဘိုင်ဒင်သည် ၎င်းအနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် သင့်တော်ခြင်းမရှိဟု ဆုံးဖြတ်ပါက လက်ရှိရာထူးအတိုင်း ဆက်လက်ထမ်း ဆောင်ရန်လည်း သင့်တော်ခြင်းမရှိ သောကြောင့် သမ္မတရာထူးမှ ချက်ချင်းနုတ်ထွက်ပေးရန် အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆန် က တောင်းဆို ထားကြောင်း Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ