ယနေ့ နေ့လည်ပိုင်း လာရှိုးမြို့သတင်းစုစည်းမှု


(ပြည်တွင်း) ဇူလိုင် ၃၁

ယနေ့ နေ့လည်ပိုင်းအချိန်အထိ လားရှိးမြို့၊ တိုက်(၉)လုံး နေရာတဝိုက်မှာ ရောက်နေတဲ့ အကြမ်းဖက်သူပုန် ၁၀၀ ခန့်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သလို အမြောက်များဖြင့်လည်း ချေမှုန်းနေကြောင်း သိရှိရပြီး၊ ရန်သူထိခိုက်မှုကိုတော့ မသိရှိရသေးကြောင်း သိရသည်။

အကြမ်းဖက်သူပုန်မျာက လားရှိးမြို့ရှိ လူနေရပ်ကွက်များနဲ့ တိုင်းအတွင်းကို ရှော့တိုက်ဒုံးများဖြင့် ရမ်းသန်း ပစ်ခတ်နေမှုကြောင့် ရပ်ကွက်အချို့တွင် ဒုံးသီးများကျ ရောက်ပြီး မီးလောင်မှုတွေဖြစ်ပွားနေပေမဲ့ ရန်သူတွေဟာ ယခင်နေ့တွေကလောက် ပစ်ခတ်မှုများ ပြင်းပြင်းထန်ထန်မရှိတော့ဘဲ ရံဖန်ရံခါသာ တိုက်ပွဲဖြစ်သံ ကြားနေရပြီး တပ်မတော်အနေနဲ့ စွန့်လွှတ်နေရာများအား ပြန်လည်သိမ်းယူလျက်ရှိကာ မြို့ပေါ်ရှိ ရန်သူ ဝင်ရောက်ရာနေရာတွေကိုလည်း နယ်မြေရှင်းလင်းရေး စစ်ကြောင်းများက လေကြောင်းကင်းထောက်၍ အပိုင်းလိုက် ရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။

အချို့နေရာတွေမှာ ရန်သူ့အလောင်းများနဲ့ လက်နက်တွေ သိမ်းဆည်းရရှိထားပြီး၊ ဆေးရှိန်ကုန်လာပြီဖြစ်တဲ့ ရန်သူဟလည်း လက်နက်စွန့်၍ အရပ်ဝတ်များလဲကာ ထွက်ပြေးမှုတွေ ရှိနေတယ်လို့လည်း သတင်းအရင်းမြစ်များထံက သိရှိရသည်။

တပ်မတော်အနေနဲ့ စစ်ဆင်ရေးတွင် ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်သူများကို စစ်မြေပြင်အဆင့်တိုးများ၊ စွမ်းရည်ဘွဲ့တံဆိပ်များ ပေးအပ်နေပြီး တိုက်စစ်အရှိန် မြှင့်တင်လျက်ရှိကာ စစ်မြေပြင်အဆင့်တိုးရရှိသူများတွင် တပ်မတော်(လေ)မှာ Pilot များလည်း ပါဝင်တာတွေ့ရှိရကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ