မိုဒီအပေါ် ဇာလန်းစကီး၏မှတ်ချက်ပြုစကားကို အိန္ဒိယက ယူကရိန်းသံအမတ် ဆင့်ခေါ်ကန့်ကွက်


(နိုင်ငံတကာ) ဇူလိုင် ၁၇

ရုရှားနိုင်ငံသို ချစ်ကြည်ရေးခရီးသွားရောက်ခဲ့သည့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီအပေါ် ယူကရိန်း သမ္မတ ဇာလန်းစကီး၏ မှတ်ချက်ပြုစကားနှင့်ပတ်သက်၍ အိန္ဒိယအစိုးရက ယူကရိန်းသံအမတ်ကို ဆင့်ခေါ်ကာ တရားဝင် ကန့်ကွက်လိုက်ကြောင်း သိရသည်။

အိန္ဒိယဝန်ကြီးချုပ်နှင့်ရုရှားသမ္မတတို့၏တွေ့ဆုံမှုသည် ငြိမ်းချမ်းရေး ဆောင်ရွက်ချက်ကို အကြီးအကျယ်ပျက်စီးစေသည်ဟု ဇာလန်းစကီး က ပြောခြင်း ဖြစ်သည်။

ထို့နောက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန က နယူးဒေလီမြိုရှိ အိန္ဒိယနိုင်ငံဆိုင်ရာ ယူကရိန်းအမတ်ကို ဆင့်ခေါ်၍ တရားဝင် ကန့်ကွက်လိုက်ခြင်းဖြစ်သည်ဟု သတင်းအရင်းအမြစ်များ၏ပြောဆိုချက်ကို ကိုးကား၍ The Economics Times သတင်းစာ က ဇူလိုင်လ ၁၅ ရက်တွင် ဖော်ပြထားသည်။

ထို့ပြင် အိန္ဒိယအစိုးရ က ယူကရိန်းအစိုးရနှင့်နှစ်နိုင်ငံကြား ကျင်းပသည့် ယဉ်ကျေးမှုဆိုင်ရာ အလုပ်သဘော အစည်းအဝေးကိုလည်း ရွှေ့ဆိုင်းလိုက်သည်။

မိုဒီသည် ပြီးခဲ့သည့်သီတင်းပတ်တွင် ရုရှားနိုင်ငံသို သွားရောက်၍ သမ္မတဗလာဒီမာပူတင်နှင့်တွေ့ဆုံပြီး ယူကရိန်းပဋိပက္ခပြေလည်ရေးအပါအဝင် ကိစ္စများစွာကို ဆွေးနွေးခဲ့ကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ