ပဲခူးတွင်နေအိမ်မှ ၄ ရက်အကြာပျောက်နေသူအား ကြိုးဆွဲချသေဆုံးလျှက်ပြန်တွေ့ခဲ့ရ


(မှုခင်း) ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် နေအိမ်မှ ၄ ရက်အကြာပျောက်ဆုံးနေခဲ့သော အမျိုးသားအား တောတွင်းနေရာတစ်ခု၌ ဇူလိုင်လ ၁၁ ရက်နေ့က ကြိုးဆွဲချသေဆုံးလျှက် ပြန်လည်တွေ့ရှိတယ်ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ပဲခူးမြို့နယ် ညောင်အင်းကျေးရွာတွင်နေထိုင်သူ ဦးထိန်လင်း၊ အသက် ၄၅ နှစ်မှာ ယခုလ ၈ ရက်နေ့မှစ၍ နေအိမ်မှ ပျောက်ဆုံးနေခဲ့ပြီး ယမန်နေ့က ပဲခူး-တိုက်ကြီးကားလမ်းဘေးရှိ ဝါးရုံတောအတွင်း၌ ကြိုးဆွဲချသေဆုံးနေသည်ကို ဒေသခံကျွဲ/နွား ကျောင်းသူများမှ တွေ့ရှိသတင်းပေးရာမှ သေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး သေဆုံးနေသူ၏ရပ်အလောင်းအား ဒေသခံပရဟိတအဖွဲ့များမှ ယမန်နေ့ညနေ ၄ နာရီခန့်တွင် သယ်ဆောင်၍ ပဲခူးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

photo-မေတ္တာရွှေစင်ပရဟိတအသင်း

Telegram>>…
https://t.me/positiveanglenews

PAN

PKL #SZ