Special Account မှ ကန့်သတ်ချက်မရှိ ငွေထုတ်ယူခွင့်ပြုထားကြောင်း ဗဟိုဘဏ်ပြော

(စီးပွားရေး) ဇူလိုင် ၁၀

စီးပွားရေးလုပ်ငန်း/အဖွဲ့အစည်းတွေက ဘဏ်စာရင်းအသစ် (Special Account) မှ ငွေသားပြန်လည်ထုတ်ယူခြင်းအတွက် အပ်နှံငွေသားပမာဏအတွင်း ကန့်သတ်ချက်မရှိ ထုတ်ယူခွင့်ပြုထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြောသည်။

“Special Account ကနေ အပ်နှံငွေသားပမာဏအတွင်း ကန့်သတ်ချက်မရှိ ပြန်လည်ထုတ်ယူခွင့်ပြုပြီး ဖြစ်ပါတယ်”ဟု ဗဟိုဘဏ်ဘက်က ပြောဆိုထားသည်။

ဘဏ်တွေမှာ အပ်နှံငွေ အလွယ်တကူ ထုတ်မရတဲ့ အခြေအနေတွေ ကြုံတွေ့ရကြောင်း ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာများမှာ ပြောဆိုရေးသားမှုများအပေါ် ဗဟိုဘဏ်က ယခုလို့ တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဘဏ်တစ်ခုအတွင်းမှာ ငွေစာရင်းတွေအချင်းချင်း သို့မဟုတ် မတူညီသည့် ဘဏ်များဆီမှ ငွေစာရင်းအချင်းချင်းအကြား စာရင်းလွှဲပြောင်းခြင်း (Account Transfer) ကို ပိုမိုအသုံးပြုဖို့လည်း ဗဟိုဘဏ်က တိုက်တွန်းထားသည်။

လက်ရှိမှာ ဗဟိုဘဏ်အနေဖြင့် လူပုဂ္ဂိုလ်မှ ရောင်းချသူကို ငွေပေးချေခြင်းအတွက် ဒီဂျစ်တယ်ငွေပေးချေမှုနည်းလမ်းမှ တစ်ရက်ကို အများဆုံး ကျပ်သိန်း ၁၀၀ အထိ ဆောင်ရွက်ခွင့်ပြုထားသည်။

လူပုဂ္ဂိုလ်အချင်းချင်း ငွေပေးချေခြင်းအတွက် ဒီဂျစ်တယ်ငွေပေးချေမှုကို တစ်ကြိမ်လျှင် ကျပ် ၁၀ သိန်းဖြင့် တစ်ရက်တွင် အများဆုံး ကျပ်သိန်း ၅၀ အထိ ဆောင်ရွက်ခွင့်ပြုထားသည်။

#PAN