နည်းပြ အာနီစလော့ကို လီဗာပူးအသင်း တရားဝင်မိတ်ဆက်


(အားကစား) ဇူလိုင် ၈

နည်းပြ အာနီစလော့ကို လီဗာပူးအသင်း တရားဝင်မိတ်ဆက်


(အားကစား) ဇူလိုင် ၈

ပြီးခဲ့တဲ့ရာသီကုန်မှာ နည်းပြ ကလော့ပ် နဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းရဲ့နည်းပြသစ်ဖြစ်လာခဲ့တဲ့ အာနီစလော့ ကို လီဗာပူးအသင်းက ဇူလိုင်လ ၅ ရက်မှာ တရားဝင်မိတ်ဆက်သွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ နည်းပြ ကလော့ပ် ကို ရာထူးကနေထုတ်ပယ်အပြီးမှာ ဖီယင်နုနည်းပြ အာနီစလော့ ကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို ပြီးခဲ့တဲ့ မေလ ကတည်းက သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။

နည်းပြ ကလော့ပ် နဲ့အတူရရှိခဲ့တဲ့ လီဗာပူးအသင်းရဲ့အောင်မြင်မှုတွေကြောင့် အသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် လုပ်ဆောင်ပေးဖို့က တာဝန်ကြီးတစ်ခုလို ဖြစ်နေပေမယ့်လည်း အကောင်းဆုံး လုပ်ဆောင်ပေးသွားမယ်လို့ နည်းပြ အာနီစလော့ က ပြောပါတယ်။

လီဗာပူးအသင်းဟာ နည်းပြ အာနီစလော့ ကို ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အသင်းကို ရလဒ်ကောင်းတွေရအောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေတဲ့ နည်းပြ အာနီစလော့ ရဲ့ လီဗာပူးအသင်းဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် အစ်ဆွစ်ချ်အသင်းနဲ့ ဩဂုတ်လ ၁၇ ရက်မှာ ကစားသွားရမှာ ဖြစ်ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ