ဇွန် ၂၁
ယမန်နေ့ ည ၁၀ နာရီဝန်းကျင်အချိန်ခန့်တွင် မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ အကွက် (၁)၊ အနှိပ်တော်ရပ်ကွက်တွင် သေနတ်ဖြင့်ထောက်၍ ကားယူသွားသည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
မန္တလေးမြို့၊လမ်း ၂၀ နှင့် ၂၁ လမ်းကြားရှိ ၆၃ လမ်းပေါ်ရှိ အကွက်(၁)အနှိပ်တော်ရပ်ကွက်နေသူ ဦးမျိုးတင့် (ကားဝပ်ရှော့ဆရာ)၏အိမ်ရှေ့သို့၊ ရွှေငါးကားအဖြူရောင် ၁ စီးရောက်ရှိလာပြီး၊ ကားပေါ်မှ အမည်မသိအမျိုးသား(၂)ဦးဆင်းလာကာ ဝပ်ရှော့ဆရာဦးမျိုးတင့်ကိုခေါ်ယူပြီး သေနတ်ဖြင့် ဦးခေါင်းကိုချိန်ထား၍ ကားသော့တောင်းကာ ၆၃ လမ်းအတိုင်း တောင်ဘက်သို့ကား ၂ စီးလုံးမောင်းထွက် သွားကြောင်း သိရှိရသည်။
အကြမ်းဖက်သမားများ ယူဆောင်သွားသောကားနပါတ်မှာ MDY-6G/9252 ခဲရောင်၊ တရုတ်ကား(ကလပ်မကောင်း)အဝိုင်းပါသွားပြီး လိုင်စင်ရှိသောကားဖြစ်ပြီး အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ နယ်မြေခံရဲစခန်းသို့ အသိပေးအကြောင်းကြားထားပြီးဖြစ်ရာ ကျူးလွန်သူတရားခံများကို ဖမ်းဆီးရမိရေး လုံခြုံရေးအဖွဲ့ဝင်များက ဆက်တိုက်ဆောင်ရွက်လျှက်ရှိနေကြောင်း သိရသည်။
Telegram>>…
https://t.me/positiveanglenews
PAN
#GE #SZ