ပြည်သူ့အသံ

ပြည်သူ့စစ်မှုထမ်းထောက်ပံ့ဖို့ဆိုတဲ့အမည်နဲ့ ကျေးရွာမှာငွေကောက်ခံနေတယ်ဆိုတဲ့အကြောင်း ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ငါကြီးကွေ့ကျေးရွာက ဒေသခံတစ်ဦးပေးပို့လာတဲ့စာကို တင်ပြပေးပါမယ်။

“ကျနော်က ပဲခူးတိုင်း ရေတာရှည်မြို့နယ် ငါကြီးကွေ့ကျေးရွာကပါ။ စစ်မှုထမ်းဖို့ ပထမအပတ်က ကျွန်တော်တို့ရွာက တစ်ယောက်မဲပေါက်ပါတယ်။ စစ်မှုထမ်းဖို့ သူ့ကိုလာခေါ်တဲ့အချိန်မှာ သူက ထွက်ပြေးသွား ပါတယ်။ အခုက ရွာမှာ ဘယ်လိုဖြစ်လည်းဆိုတော့ ထွက်ပြေးသွားတဲ့သူကို မမိတဲ့အတွက် ကျနော်တို့ရွာက လူတွေကို သူ့အစားဝင်ခေါ်ပါတယ်။ အခေါ်ခံရတဲ့သူတွေက မဲလည်းမပေါက်ထားပါဘူး။
မလိုက်နိုင်ရင် ပိုက်ဆံ ၂၅သိန်းတောင်းနေပါတယ်။ အခုလည်းရွာလည်အုပ်ချုပ်ရေးမှူးရုံးမှာ အဲ့ကိစ္စနဲ့ပက်သက်ပြီး တစ်အိမ်တစ်ယောက်အစည်းဝေးခေါ်ပါတယ်။ အခုအစည်းဝေးမှာ တစ်အိမ် ၂ သောင်းပေးရမဲ့အပြင် မဲကလည်းနှိုက်ရအုန်းမယ်လို့ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက ပြောပါတယ်။
အခုခေတ်အနေထားအရလူတွေက ကြပ်တည်းနေကြပါတယ်ဗျ။ ကျွန်တော်တို့ကတော့ စစ်မှုထမ်းဥပဒေကို လက်ခံပါတယ်။ ဒါပေမဲ့ မဲနှိုက်လို့ပေါက်ရင် ကာကယံရှင်ကို ရအောင်ခေါ်ဖို့လိုပါတယ်။ အခုလို ပိုက်ဆံခွဲတန်းနဲ့ပေးရမှာကတော့ လက်ခံဖို့အဆင်မပြေလို့ပါခင်ဗျာ။
ကျွန်တော်တို့ရွာမှာ အိမ်ခြေက ၆၀၀ နီးပါးလောက်ရှိပါတယ်။ မဲပေါက်တဲ့သူကို ထောက်ပံ့ပေးမယ်လို့တော့ ပြောပါ တယ်။ ၂ သောင်းက အိမ်စေ့ပေါက်ပေးရမှာပါ။ အိမ်ခြေ ၆၀၀ နီးပါးဆိုတော့ နည်းတဲ့ ငွေကြေးမဟုတ်ပါဘူး။
ရွာရန်ပုံငွေအတွက်ဆိုပြီး ဂလုံးဂလုံးဝိုင်းလုပ်မယ်လည်း ပြောသံကြားနေရပါတယ်ဗျ ပြီးတဲ့တစ်နှစ်ကဆိုရင် အဲ့လိုလုပ်လို့ ဗုံးတစ်လုံးကွဲသွားတာ တစ်ချို့ထိခိုက်ဒဏ်ရာ ရကုန်ပါတယ်။
ဒါကြောင့် ဒီလိုကိစ္စတွေပြုလုပ်နေတာကို အထက်လူကြီးတွေသိပါရဲ့လား ခွင့်ပြုပေးထားပါသလား။ ခွင့်ပြုမပေးထားရင်အချိန်မှီတားဆီးပေးပါလို့ မေတ္တာရပ်ခံလိုပါတယ်လို့” ပေးပို့လာပါတယ်။

ယခုဖော်ပြပေးခဲ့မှုဟာ PAN ရဲ့အာဘော်မဟုတ်ပဲ ပေးပို့သူရဲ့မူရင်းအာဘော်သာဖြစ်ပါတယ်။
PAN ရဲ့ ပြည်သူ့ထံမှပေးစာကဏ္ဍကို ကိုယ့်အရပ် ကိုယ့်ဒေသက ဒေသခံပြည်သူတွေအကျိုးရှိစေမယ့်အရာတွေ အမြင်မတော်မှုတွေကို စာရေးသားပေးပို့လိုရင်တော့ PAN ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့ 09772979725 ကိုပေးပို့နိုင်ပါတယ်။

PAN ကို ထောက်ပံ့လိုပါက Kpay – 09425318387နဲ့ wave pay နံပါတ်ဖြစ်တဲ့ 09425318387 ကနေ ထောက်ပံ့နိုင်ပါတယ်ခင်ဗျာ –

#PAN