ယူအက်စ်အိုးပင်း ပြိုင်ပွဲမှ နုတ်ထွက်ခဲ့တဲ့ ဂျွန်ရမ်း


(အားကစား) ဇွန် ၁၄

စပိန်ဂေါ့ဖ်သမား ဂျွန်ရမ်း ဟာ ခြေဖဝါးဒဏ်ရာကြောင့် အခုတစ်ပတ်ထဲ ကျင်းပမယ့် ယူအက်စ်အိုးပင်း ဂေါ့ဖ်ပြိုင်ပွဲကနေ နုတ်ထွက်ကြောင်း ဇွန်လ ၁၁ ရက်က အတည်ပြု ပြောကြားခဲ့ပါတယ်။

ချန်ပီယံဟောင်း တစ်ဦး လည်းဖြစ်တဲ့ ဂျွန်ရမ်းဟာ ပြီးခဲ့တဲ့တစ်ပတ်က လစ်ဗ်ဂေါ့ဖ်စီးရီးရဲ့ ပွဲစဉ်တစ်ခုကို ပါဝင်ယှဉ်ပြိုင်နေရင်း ဘယ်ဖက် ခြေဖဝါး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာနာကျင်မှုကြောင့် ပြိုင်ပွဲဒုတိယနေ့မှာပဲ ထွက်ခဲ့ရပြီး လက်ရှိအချိန်မှာတော့ ဒဏ်ရာအမြန်ဆုံး သက်သာစေဖို့ ကုသမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ လက်ရှိကမ္ဘာ့အဆင့် (၈) နေရာမှာ ရပ်တည်နေတဲ့ ဂျွန်ရမ်း ဟာ ပြီးခဲ့တဲ့နှစ်က မာစတာပြိုင်ပွဲချန်ပီယံဆုအပြင် မေဂျာဆုဖလား ၃ လုံးရခဲ့သူဖြစ်ပါတယ်။

လာမယ့် ယူအက်စ်အိုးပင်းပြိုင်ပွဲကို ဝင်ပြိုင်နိုင်ဖိုအတွက် ကြိုးစားပြင်ဆင်ခဲ့ပေမယ့် ဒဏ်ရာပြဿနာ ကြောင့် ပြိုင်ပွဲကို လွဲချော်ခဲ့တာကို စိတ်ပျက်မိတယ်လို ဂျွန်ရမ်းက သူ့ရဲ့ကြေညာချက်မှာ ရေးသားထားပါတယ်။

ပီဂျီအေတိုး ရဲ့ အကောင်းဆုံး ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ခဲ့တဲ့ ဂျွန်ရမ်းဟာ ပီဂျီအေတိုးပြိုင်ပွဲရဲ့ ပြိုင်ဘက် ဖြစ်လာတဲ့ လစ်ဗ်ဂေါ့ဖ်စီးရီးကို ပြောင်းရွှေ့သွားတဲ့အတွက် ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ