(အကြမ်းဖက်) ဇွန် ၁၂
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်၊ ဥယာဥ်စုကျေးရွာအနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် တောင်သူလင်မယားနှစ်ဦး သေဆုံးခဲ့ကြကြောင်း သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်အရ သိရသည်။
ဇွန်လ ၁၂ ရက်နေ့ ယနေ့ မွန်းလွဲ ၁ နာရီခွဲကျော်အချိန်ခန့် တွင် ဥယာဥ်စုကျေးရွာအနီးတွင် မိုင်းကွဲသံများကြားခဲ့ရပြီးဒေသခံများမှ စုံစမ်းခဲ့ကြရာ ၎င်းကျေးရွာတွင်နေထိုင်သူ တောင်သူလင်မယားမှယာထဲသို့သွားစဥ် နင်းမိသဖြင့်ပေါက်ကွဲခြင်းဖြစ်ကြောင်း သိရသည်။
“ဒီ PDF တွေက ချောင်းကူးဖြတ်ကျော်ခြင်းမပြုကြဖို့ တားမြစ်ထားတဲ့ကြားက တောင်ယာလုပ်ငန်းခွင်ကို သွားကြလို့ အခုလိုဖြစ်တာပါပဲ” ဒေသခံတစ်ဦးက PAN ကိုပြောသည်။
ဥယာဉ်စုကျေးရွာအနီးရှိ စလင်းချောင်းအားဖြစ်ကူးကာ တောင်ယာလုပ်ငန်းခွင်ကိုသွားရောက်သည့် ၎င်းကျေးရွာတွင်နေထိုင်သည့် ဉီးသောင်းတင်နှင့် ဒေါ်စန်းဝေ တို့ လင်မယား(၂)ဉီးမှာ PDF အကြမ်းဖက်သောင်းကျန်းသူမျထောင်ထားသည့်မိုင်းအား နင်းမိ၍ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။
” လင်မယားနှစ်ယောက်စလုံး အစိတ်စိတ် အပိုင်းပိုင်းပဲ ကြည့်မကောင်းဘူး သနားပါတယ်။ ုဒါပေမယ့်ဘာမှမတတ်နိုင်ဘူးလေ” လို့လည်းဒေသခံတွေကပြောသည်။
၎င်း နယ်မြေသည် PDF အကြမ်းဖက်သမားများ စိုးမိုးထားသည့်နယ်မြေဖြစ်ပြီး အခင်းဖြစ်သည့်နေရာသို့ သွားရောက်ရန် ခက်ခဲခြင်း၊ အလောင်းသယ်ယူရန် ခက်ခဲ့သည့်အခြေအနေတွင်ရှိနေကြောင်း.သိရသည်။
Telegram>>…
https://t.me/positiveanglenews