(၁၃) ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် မြန်မာဗိုဗီနမ် အားကစားအဖွဲ့ ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေး‌လေးခုဆွတ်ခူးရရှိ

(အားကစား) ဇွန် ၇

ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ကျင်းပလျက်ရှိသည့် (၁၃) ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲတွင် မြန်မာ ဗိုဗီနမ် အားကစားအဖွဲ့မှ ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေး‌လေးခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ဇွန် ၁ ရက်‌မှ ၉ ရက်‌နေ့အထိ ကျင်းပနေပြီး (အမျိုးသမီး) တစ်ကိုယ်တော် လက်သိုင်းအပြပြိုင်ပွဲတွင် မယွန်း လဝန်းအိမ်ရွှေက ရွှေတစ်ခု၊ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးလက်နက်ဖြင့် အပြပြိုင်ပွဲတွင် မနွေးလွန်းထက်၊ အောင်ပြည့်စုံနိုင်၊ ကျော်ဇောရှင်နှင့် ပြည့်စုံအောင်တို့အတွဲက ရွှေတစ်ခု၊ (အမျိုးသား) မြန်မာဗိုဗီနမ် အားကစားအဖွဲ့ ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေး‌လေးခုဆွတ်ခူးရရှိခဲ့ကြကြောင်း သိရသည်။
ထို့နည်းတူ 54.0-60.0kg အတိုက်ပြိုင်ပွဲတွင် မောင်ဝေယံကျော်က ငွေတစ်ခု၊ (အမျိုးသမီး) 45.0 – 50.9 kg ပြိုင်ပွဲတွင် မယွန်းပန်းသဇင်အောင်၊ (အမျိုးသား) တစ်ကိုယ်တော်လက်သိုင်း အပြပြိုင်ပွဲတွင် မောင်နိုင်အောင်ရွှေ၊ (အမျိုးသမီးနှစ်ယောက်တွဲ) ဓားအတိုက်အပြ ပြိုင်ပွဲတွင် မဇင်လဲ့ဖြူနှင့် ကြယ်စင်လွင်တို့အတွဲ၊ (အမျိုးသားလေးယောက်တွဲ) လက်နက်မဲ့အပြပြိုင်ပွဲတွင် မင်းခန့်နိုင်၊ နိုင်အောင်ရွှေ၊ ပြည့်စုံအောင်နှင့် ကျော်ဇောရှင်တို့အတွဲကကြေး တစ်ခုစီရရှိခဲ့ပြီး စုစုပေါင်းဆု တံဆိပ်ခုနစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။

#PAN

#AMH