(ပြည်တွင်း) ဇွန် ၅
မန္တလေတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၃×၅၃လမ်းထောင့်ရှိ မြင့်ကျော်သူ(၂) လ္ဘက်ရည်ဆိုင်ထိုင်နေသည့် (ဇ)ရပ်ကွက် အုပ်ချုပ်ရေးမှူးအား အကြမ်းဖက် PDF နှစ်ဦးမှ သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သ်ိရသည်။
ဖြစ်စဥ်မှာ ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့်က (ဇ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲလွင် ၊ အသက် ၅၇ နှစ်သည် ၎င်း၏ တပည့် ၃ ဦးနှင့်အတူ ၁၃၃×၅၃လမ်းထောင့်ရှိ မြင့်ကျော်သူ(၂) လ္ဘက်ရည်ဆိုင်ထိုင်နေစဉ် ကျား ၂ ဦးသည် ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ဆိုင်ထဲသို့ ဝင်ရောက်၍ ပစ္စတိုဖြင့် ၁ ချက် ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ဦးရဲမြင့်တွင် ဦးခေါင်းနှောက်စေ့ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်ဖြင့် နေရာတွင်သေဆုံးသွားခဲ့ကြောင်း ၊ ဖြစ်စဉ်အနီးမှ Luger ကျည်ခွံ ၁ ခုအား သိမ်းဆည်းရမိခဲ့ပြီး သေဆုံးသူအလောင်းအား ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရှိရသည်။
Telegram>>…
https://t.me/positiveanglenews