ထားဝယ်မြို့ ၊ အိမ်ရှေ့ပြင်ရပ်၊ အ-မ-က(မူလွန်)ကျောင်းတွင် ဗုံးပေါက်ကွဲခဲ့ရာ မူလတန်း အရွယ်က‌လေးငယ်များ ထိခိုက်သေဆုံး


(ပြည်တွင်း) ဇွန် ၄

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာအုပ်စု၊ ပဉ္စသိမော် ကျေးရွာအနီးတွင် ယနေ့နံနက် ၇ နာရီခွဲအချိန်ခန့်က ကျောင်းကားတစ်စီး ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

ဖြစ်စဥ်မှာ အထက-၁(ထားဝယ်)သို့ ကျောင်းတက်ရန် ကျောင်းသား/သူ ၇ ဦးနှင့်အတူ ယာဉ်မောင်းတစ်ဦးမောင်းနှင်လာသော ​ကျောင်းကားတစ်စီးသည် လောင်းလုံး-ထားဝယ်ကားလမ်းအတိုင်း ထွက်ခွာလာစဉ် အကြမ်းဖက်သမား ၅ဦးခန့်က မော်တော်ယာဉ်ကို တားဆီးခဲ့သည်ကို မသိရှိသဖြင့် ဆက်လက် မောင်းနှင်ခဲ့ရာ အကြမ်းဖက်အဖွဲ့က လက်နက်ငယ်ဖြင့် ၁၀ ချက်ခန့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ယာဉ်နောက်ခန်းတွင် လိုက်ပါလာသည့် အထက-၁(ထားဝယ်)မှ Grade-7 ကျောင်းသားတစ်ဦးဖြစ်သည့် မောင်သက်ပိုင်မျိုး၊ ၁၄ နှစ်၏ ဝဲတင်ပါးတွင် လက်နက်ငယ်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ထိမှန်ခဲ့သဖြင့် ထားဝယ်ပြည်သူ့ ဆေးရုံးကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ထို့ပြင် ယနေ့ မွန်းတည့် ၁၂ နာရီခွဲအချိန်ခန့်က ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ အမက မူလွန်ကျောင်းတွင် ကျောင်းသား/သူများ ထမင်းစား ကျောင်းဆင်းချိန် ဆော့ကစားနေစဉ် ကျောင်းသား ၁ ဦးမှ မပေါက်ကွဲသေးသည့် ၄၀ မမ ဗုံးသီးအား ယူဆောင်ဆော့ကစားရာမှ ကျောင်းသမံသလင်းပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းသား ၁ ဦး(သေဆုံး)၊ ကျောင်းသား ၁၀ ဦး၊ ကျောင်းသူ ၁၄ ဦး၊ ကျောင်းသားမိဘ ၁ ဦး၊ ပေါင်း ၂၅ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများကို ဇမ္ဗူသီရိလူမှုကူညီရေးအသင်းမှ မော်တော်ယာဥ်ဖြင့် အမှတ် (၁၂) တပ်မတော်ဆေးရုံနှင့် ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသ ပေးထားကြောင်းသိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ