ဇွန် ၃
ကချင်ပြည်နယ်၊ မံစီမြို့နယ်နှင့်မိုးမောက်မြို့နယ်တို့၏ မြို့နယ်ပြည်ခိုင်ဖြိုးပါတီပါတီကော်မတီဝင်များ၏ နေအိမ်များကို အကြမ်းဖက် KIA အဖွဲ့မှ မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
မံစီမြို့နယ်၊ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ခင်စန်းဦး၏နေအိမ်ကို ယမန်နေ့ နံနက် ၅ နာရီချိန်ခန့်တွင် အကြမ်းဖက် PDF/KIA အဖွဲ့ကလာရောက်မီးရှို့သွားကြောင်း၊ ထို့အတူ မိုးမောက်မြို့နယ်၊ မြိုနယ်ပြည်ခိုင်ဖြိုးကော်မတီဝင် ဒေါ်နန်းလောဝ်ခမ်းနှင့် ဦးစီးရုံးအဖွဲ့ဝင် ဦးပြည့်လွင်မင်းတို့၏နေအိမ်များကို နံနက် ၄ နာရီအချိန်ခန့်က မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
အဆိုပါ မီးရှို့ဖျက်ဆီးခံရမှုကြောင့် မြို့နယ်ပြည်နယ်ခိုင်ဖြိုးကော်မတီဝင်များ၏ နေအိမ်အသီးသီး မီးလောင်းဆုံးရှုံခဲ့ရကြောင်း သိရသည်။
NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု၊ မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများနှင့်လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု၊ မီးရှို့မှုများအပြင် လူနေအဆောက်အဦများနှင့် အစိုးရရုံးဌာနများကိုလည်း Drop Bomb ဖြင့်ပစ်ချတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိကြောင်း သိရှိရပါသည်။
Telegram>>…
https://t.me/positiveanglenews