မြောက်ကိုရီးယားက မိုးပျံပူပေါင်းနှင့် အမှိုက်အိတ်များ တောင်ကိုရီးယားသို့ပြန်ပို့


(နိုင်ငံတကာ) မေ ၃၀

မြောက်ကိုရီးယားဘက်မှ မိုးပျံပူပေါင်းနှင့် အမှိုက်အိတ်များချိတ်ဆွဲကာ တောင်ကိုရီးယားနိုင်ငံဘက်သို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ပြန်လည် ပို့ဆောင်မှုကြောင့် မိုးပျံပူပေါင်း အလုံးရေ ၂၆၀ ကျော်ထက်မနည်း တောင်ကိုရီးယားနိုင်ငံဘက်သို့ ကျရောက်ခဲ့ပြီ တောင်ကိုရီးယားရှိ ပြည်နယ် ၉ ခုရှိသည့် အနက် ပြည်နယ် ၈ ခုသို့ ကျရောက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အင်္ဂါနေ့နောက်ပိုင်းတွင် တောင်ကိုရီးယားမြို့တော် ဆိုးလ်၏ မြောက်ဘက်နှင့် နယ်စပ်ဒေသရှိ ပြည်သူများအား မလိုအပ်ပဲ ပြင်ပထွက်ခွာမှုများ မပြုလုပ်ကြရန် အာဏာပိုင်များက အသိပေးထားသည်။

“ဒါဟာ ကျွန်တော်တို့ ပြည်သူတွေရဲ့ လုံခြုံရေးကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နေပါတယ်။ မိုးပျံပူဖောင်းကြောင့် ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေအတွက် မြောက်ကိုရီးယားမှာ လုံးဝ တာဝန်ရှိပြီး ဒီလို လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ကို ချက်ချင်းရပ်တန့်ဖို့ မြောက်ကိုရီးယားကို ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်” ဟု တောင်ကိုရီးယားစစ်တပ်မှ ပြောဆို သတိပေးထားသည်။

မြောက်ကိုရီးယား တာဝန်ရှိသူများအဆိုအရ အဆိုပါအမှိုက်များသည် တောင်ကိုရီးယားနိုင်ငံအတွင်း ထုတ်လုပ်သည့် သရေစာများ အမှိုက်များဖြစ်ပြီး မြောက်ကိုရီယားတွင် ပိတ်ပင်တားမြစ် ထားသည့် အရာများဖြစ်သည့်အတွက် ပြန်လည်ပို့ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။

တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံသည် ထိုကဲ့သို့ မိုးပျံပူပေါင်းများ အပြန်အလှန် လွှတ်တင်ကာ Kpop ရုပ်သံ စီဒီချပ်များ ပေးပို့ခြင်း ဝါဒဖြန့်စာများ ပေးပို့ခြင်းတို့ မကြာမကြာလုပ်ဆောင် လေ့ရှိသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ