တရုတ်တွင်ပြုလုပ်နေသည့် The 2nd Belt and Road Athletics (Bronze Level) 2024 ပြိုင်ပွဲတွင် မြန်မာ့ပြေးခုန်ပစ် ကစားသမား အဆင့်(၆)နေရာဖြင့် ပန်းဝင်


(အားကစား) မေ ၂၉

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Chongqing မြို့တွင် မေလ ၁၅ ရက်နေ့မှ မေလ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်နေသည့် The 2nd Belt and Road Athletics (Bronze Level) 2024 ပြိုင်ပွဲတွင် မြန်မာ့ပြေးခုန်ပစ်အားကစားသမားများဝင်ရာက်ယှဉ်ပြိုင်နေကြောင်း သိရသည်။

မေလ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အမျိုသား မီတာ(၈၀၀)ပြိုင်ပွဲ လူရွေးပွဲတွင် မြန်မာ့ပြေးခုန်ပစ်ကစားသမား ဟိန်းထက်အောင် ရွေးချယ်ခံခဲ့ရပြီး ယင်းမှတဆင့် မေလ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၅၀ မိနစ်‌ ဒေသစံတော်ချိန် ည ၈ နာရီ ၂၀ မိနစ်အချိန်တွင် ကျင်းပပြုလုပ်သော ဗိုလ်လုပွဲသို့ တက်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင် ၁၁ ဦးအနက် မြန်မာ့ပြေးခုန်ပစ် ကစားသမားမှာ စံချိန် (၁:၅၃.၉၄) ဖြင့် အဆင့်(၆)နေရာ ရရှိခဲ့ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ