ပဲခူး၌ လျှပ်စစ်အိုး အပူလွန်ကဲရာမှ နေအိမ်မီးလောင်မှုဖြစ်ပွား

(မှုခင်း)အောက်တိုဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကတွင်းခြံကျေးရွာတွင် လျှပ်စစ်အိုးဖြင့် ငါးပိရည်ကျိုထားရာမှ အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၉ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ပဲခူးမြို့၊ ကတွင်းခြံကျေးရွာ၊ မြောက်ပိုင်းလမ်းနေ ဒေါ်ငွေကြည်သည် ကျားသီဟဆေးလိပ်ရုံသို့ ဖက်ရွေးအလုပ်သွားရောက်စဉ် နေအိမ်၌ လျှပ်စစ်အိုးဖြင့် ငါးပိရည်ကျိုခဲ့ရာမှ အပူလွန်ကဲကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှုဖြစ်ပွားရာသည့်နေရာသို့ မြို့နယ်မီးသတ်ဌာနမှ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မီးသတ်ယာဉ်များဖြင့် အချိန်မီ သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် မီး ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဒေါ်ငွေကြည်ပိုင်ဆိုင်သည့် နေအိမ်တလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ၎င်းအား အမှုဖွင့်အရေးယူနိုင်ရေး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN