မောင်တောမြို့နယ်၊ ဝိမလရပ်ကွက်တွင် ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တရားခံတစ်ဦးဖမ်းဆီးရမိ


(စီးပွားရေး) မေ ၂၉

မောင်တောမြို့နယ်၊ ဝိမလရပ်ကွက်တွင် ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တရားခံတစ်ဦးဖမ်းဆီးရမိ


(စီးပွားရေး) မေ ၂၉

ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဝိမလရပ်ကွက်တွင် ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တရားခံတစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်အတွင်းကို လုံခြုံရေးအဖွဲ့ဝင်များက သတင်းအရဝင်ရောက်စစ်ဆေးစဉ် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တရားခံတစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံမှာ အဆိုပါရပ်ကွက် အိမ်အမှတ်(၂၀၈)နေ မြင့်နိုင်ထူး၊ အသက် ၄၅ နှစ်၊ (ဘ)ဦးအောင်ကျော်ထူး ဖြစ်ပြီး ၎င်း၏နေအိမ်အတွင်း အနီရောင်ပလပ်စတစ်ပုံးဖြင့် ထည့်ထားသော WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၅၀,၀၀၀ ပြား၊ (ကာလတန်ဖိုး ၁ ဒသမ ၅ ဘီလီယံ)ခန့်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်းသိရှိရသည်။

ယခင်ကလည်း မောင်တောမြို့နယ်တွင် မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးရမိမှုများရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက မူးယစ်ဆေးဝါးကုန်ကူးသော အဖွဲ့တစ်ဖွဲ့ကို ရန်ကုန်တိုင်းဒေသ ကြီး၌ ဖမ်းဆီးရမိခဲ့ရာ အဆိုပါဖမ်းဆီးရမိသူများထဲတွင် AA အကြမ်းဖက်သောင်းကျန်းသူများ ကိုယ်တိုင်ပါဝင်နေကြောင်း သိရှိရပါသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ