ဒေသတွင်းရှိ ရေကြောင်းသွားလာရေးလမ်းကြောင်းရှိ ကုန်တင်သင်္ဘောများအားတိုက်ခိုက်နိုင်ခဲ့ဟု ဟူသီအဖွဲ့ပြော


(နိုင်ငံတကာ) မေ ၂၆

ဒေသတွင်းရှိ ရေကြောင်းသွားလာရေးလမ်းကြောင်းရှိ ကုန်တင်သင်္ဘောများအားတိုက်ခိုက်နိုင်ခဲ့ဟု ဟူသီအဖွဲ့ပြော


(နိုင်ငံတကာ) မေ ၂၆

ပင်လယ်နီ အာရေဗျပင်လယ်နှင့် မြေထဲပင်လယ်တို့အပါအဝင် ဒေသတွင်းရှိ ရေကြောင်းသွားလာရေး လမ်းကြောင်းအတွင်းရှိ ကုန်တင်သင်္ဘောများအား တိုက်ခိုက်နိုင်ခဲ့ကြောင်း ဟူသီသူပုန်အဖွဲ့က မေလ ၂၄ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုများတွင် ဟူသီသူပုန်များအား အာရေဗျ ပင်လယ်ကို ကူးဖြတ်နေသည့် အစ္စရေး အလံလွှင့်ထူထားသောကုန်တင်သင်္ဘောတစ်စင်းအား ပဲ့ထိန်းဒုံးကျည်များဖြင့် ဦးစွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ဟူသီသူပုန်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် ဒုတိယမြောက်စစ်ဆင်ရေးအဖြစ် ဂရိနိုင်ငံမှ YANNISS ဟု အမည်ပေးထားသည့် သင်္ဘောတစ်စင်းအား ပင်လယ်နီအတွင်း၌ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုကို ဟူသီရေတပ်ဖွဲ့နှင့် ဒရုန်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှု တွင် ပစ်မှတ်အား တိကျစွာပစ်ခတ်နိုင်ခဲ့ ကြောင်း ဟူသီအဖွဲ့က ထုတ်ပြန်ထားသည်။

တတိယမြောက် စစ်ဆင်ရေးအတွင်း၌ မြေထဲပင်လယ်အတွင်း မောင်းနှင်နေသည့် အစ္စရေးအလံလွှင့်ထူ ထားသော ESSEX သင်္ဘောကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသင်္ဘောသည် ပါလက်စတိုင်း နယ်မြေများကို သိမ်းယူထားသည့် အစ္စရေးတပ်များ၏ ထိန်းချုပ်မှုအောက်ရှိ ဆိပ်ကမ်းများသို့ ဝင်ရောက် ဆိုက်ကပ်မှု တားမြစ်ခြင်းကို ချိုးဖောက်ခဲ့ကြောင်း ဟူသီအဖွဲ့က ပြောသည်။

ယီမင်အခြေစိုက် ဟူသီသူပုန်အဖွဲ့သည် ပါလက် စတိုင်းအား တိုက်ခိုက်နေသည့် အစ္စရေးအား လက်တုံပြန်သည့်အနေဖြင့် ဒေသတွင်းရှိ ပင်လယ်များအတွင်း သွားလာနေသည့် အစ္စရေးနှင့် ၎င်း၏မဟာမိတ်နိုင်ငံများ၏ ကုန်တင်သင်္ဘောများကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှ စ၍ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ