ရုရှားနိုင်ငံက နိုင်ငံတကာ ဇာတ်ခုံတွင် လွှမ်းမိုးမှုအရှိဆုံးသောနိုင်ငံဟု ဘာရိန်းဘုရင်ပြော


(နိုင်ငံတကာ) မေ ၂၆

ရုရှားနိုင်ငံက နိုင်ငံတကာ ဇာတ်ခုံတွင် လွှမ်းမိုးမှုအရှိဆုံးသောနိုင်ငံဟု ဘာရိန်းဘုရင်ပြော


(နိုင်ငံတကာ) မေ ၂၆

ရုရှားနိုင်ငံသည် နိုင်ငံတကာဇာတ်ခုံတွင် လွှမ်းမိုးမှု အရှိဆုံးသောနိုင်ငံအဖြစ် ဘာရိန်းဘုရင်က ပြောဆို လိုက်ကြောင်း သိရသည်။

ဂါဇာကမ်းမြောင်ဒေသတွင် ဆက်လက်ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်နိုင်ရေး အတွက် အာရပ်အဖွဲ့ချုပ်က တောင်းဆိုထားပြီး ထိုသို့ အဆုံးသတ်နိုင်ရေး အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တစ်ရပ် ကို ကျင်းပသင့်ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲအား ထောက်ခံအားပေးရန် ဘာရိန်း ဘုရင် ဟာမက် ဘင်အိုင်ဆာအယ်လ် ခါလီဖာက ရုရှားနိုင်ငံအား မေလ ၂၃ ရက်တွင် ဦးစွာ တောင်းဆိုခြင်းဖြစ်ပြီး ရုရှားနိုင်ငံသည် နိုင်ငံတကာဇာတ်ခုံတွင် လွှမ်းမိုးမှုအရှိဆုံးသောနိုင်ငံအဖြစ် ၎င်းက မှတ်ချက်ပြုခဲ့သည်။

အာရပ်အဖွဲ့ချုပ်မှ အဖွဲ့ဝင်နိုင်ငံများသည် ထိပ်သီးဆွေးနွေးပွဲတစ်ရပ်အား ဘာရိန်းနိုင်ငံတွင် ကျင်းပခဲ့ရာ အဖွဲ့ဝင်နိုင်ငံအားလုံးက အစ္စရေးနှင့်ပါလက်စတိုင်းကြား ဖြစ်ပွားနေသည့် စစ်ပွဲအဆုံးသတ်ရေး လုပ်ဆောင်ရန် ဆန္ဒရှိနေပြီး အရှေ့အလယ်ပိုင်းရေးရာနှင့် စပ်လျဉ်း၍ ဆွေးနွေးရန်အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ရပ် ကျင်းပရန် လိုအပ်ကြောင်း၊ ထိုကြောင့် မိမိတို၏ကြိုးပမ်းမှုကို ထောက်ခံပေးရန် ရုရှားနိုင်ငံအား တောင်းဆိုခြင်းဖြစ်ကြောင်း အယ်လ်ခါလီဖာ က ပြောခြင်း ဖြစ်သည်။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဖြေရှင်းရေးတွင် ထောက်ခံပေးရန် အာရပ် အဖွဲ့ချုပ် က ရုရှားနိုင်ငံအား ဦးစွာတောင်းဆိုလိုက်ခြင်းသည် အရှေ့အလယ်ပိုင်း အရေးတွင် နှစ်ပေါင်းများစွာ ကြားဝင် စေ့စပ်ဆွေးနွေးခဲ့သည့် အမေရိကန်အတွက် ထိုးနှက်ချက်တစ်ရပ်အဖြစ် ထွက်ပေါ်လာစေခဲ့ကြောင်း သိရသည်။

အာရပ်အဖွဲ့ချုပ်အား ၁၉၄၅ ခုနှစ်တွင် ဖွဲစည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက မှ နိုင်ငံပေါင်း ၂၂ နိုင်ငံပါဝင်လျက်ရှိကြောင်း Sputnik သတင်းဌာနမှ ဖော်ပြခဲ့သည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ