အိုင်အိုဝါပြည်နယ်တွင် လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင် ၄ ဦးသေဆုံး


(နိုင်ငံတကာ) မေ ၂၃

အမေရိကန်နိုင်ငံ၊ အိုင်အိုဝါပြည်နယ် ဂရင်းဖီးလ်မြို့နှင့် လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် လူ ၄ ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ပြင်းအားမြင့် လေဆင်နှာမောင်းသည် ဂရင်းဖီးလ်မြို့တွင် လှည့်ပတ်တိုက်ခိုက်ပြီး ၂၄ နာရီကြာပြီးနောက် ပြည်နယ်ရဲတပ်ဖွဲ့က အဆိုပါ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။

ပြင်းထန်သည့် လေတိုက်နှုန်းကြောင့် အပျက်အစီးများဖြစ်ပေါ်ခဲ့ခြင်းကြောင့် သေဆုံးသူများ၏ အချက်အလက်များကို ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်းသိရသည်။

အမေရိကန် အမျိုးသားမိုးလေဝသဌာန၏ အဆိုအရ ရာသီဥတုဆိုးရွားမှုမှတစ်ဆင့် ဖြစ်ပေါ်လာသည့် လေဆင်နှာမောင်း ၂၆ လုံးရှိခဲ့ပြီး ၎င်းအနက် ၂၁ လုံးသည် အိုင်အိုဝါဒေသသို့ ၆ နာရီခန့် မွှေနှောက် တိုက်ခတ်ခဲ့ကြောင်းဆိုသည်။

ဂရင်းဖီးလ်မြို့သို့ တိုက်ခိုက်ခဲ့သော လေဆင်နှာမောင်းသည် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၃၅ မိုင်အထိရှိခဲ့ကြောင်း တာဝန်ရှိသူများမှ ကနဦးထုတ်ပြန်ထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ